16 June 2008

အရိုးအဆစ် မပြေပြစ်တဲ့လူ

လူတစ်ယောက် ကိုယ့်အပေါ်သံယောဇဉ်ရှိလာဖို့
ယတြာချေလို့မရ မန်းမှုတ်လို့မရ။

ပန်းနဲ့ပစ်ပေါက်လိုက်တာပါပဲ
အဆိပ်ရနံ့တွေ လှိုင်ထနေတော့
ရင်က တဆစ်ဆစ်နာ။

အရက်၊ ဆေးလိပ်၊ ကွမ်း
လမ်းမပေါ်ကြီးပြင်းချင်တဲ့ အသွေးအသား
သူပုန်ထထနေတဲ့ ကဗျာပိုး
ချစ်ခြင်းမေတ္တာနဲ့ လဲခဲ့
စိတ်အလိုကျအောင် နေထိုင်ခဲ့
ငါ့အတွက် ဖဲ့ယူထားမိတယ်ဆိုရင်တောင်
အဲဒါ မင်းကိုလွမ်းနေတဲ့အချိန်လေးပဲဖြစ်မှာ။

"ကကြိုးရှုပ်တဲ့ပွဲမို့
လွဲချော်ခွင့်ပေးသနားခံရတာကို ကျေနပ်တယ်"
ငါပြတဲ့တရား ငါကိုယ်တိုင်နားခါးနေတုန်းပဲ
အချစ်နဲ့ဘ၀ ထိခတ်ခွင့်မရသေးသရွေ့ ..။

ညိမ်းညို

13 comments:

Unknown said...

လူတစ်ယောက် ကိုယ့်အပေါ် သံယောဇဉ်ရှိလာဖို့
ယတြာချေစရာလဲ မလိုဘူး
မန်းမှုတ်စရာလဲ မလိုဘူး
စကားပြောတတ်ဖို့ပဲ လိုတယ်
ဟိ..ဟိ
:P
ကဗျာဆရာနော်
အရေးအသားတွေ တိုးတက်လာတယ်
:p

မျှားပြာ said...

အဲဒီလောက်ထိလည်း မလုပ်ပါနဲ့ဗျာ ... သနားပါတယ် :P
လာလာ ငါ့ဆီလာပီး တိတ်တိတ်လေး လာကစ် လုပ်ချင်တာလုပ်လို့ ရတယ် ဟတ်ဟတ် ...

Unknown said...

သူပုန်ထထနေတဲ့ ကဗျာပိုး
ချစ်ခြင်းမေတ္တာနဲ့ လဲခဲ့..တယ်ပေါ့....
စိတ်အလိုကျအောင် နေထိုင်ခဲ့
ငါ့အတွက် ဖဲ့ယူထားမိတယ်ဆိုရင်တောင်
အဲဒါ မင်းကိုလွမ်းနေတဲ့အချိန်လေးပဲဖြစ်မှာ....။
အချစ်ကဗျာရေးတာလည်းကောင်းတာဘဲနော်..။ဆက်ရေးပါ..အားပေးနေပါတယ်...။

Mhaw Sayar said...

"ငါ့အတွက် ဖဲ့ယူထားမိတယ်ဆိုရင်တောင်
အဲဒါ မင်းကိုလွမ်းနေတဲ့အချိန်လေးပဲဖြစ်မှာ....။"

အဲဒီအပိုဒ်ကိုတော့ အတော့်ကို ထိသွားပြီညီရေ..

အားပေးနေမယ်ဗျာ.. :)

Chaos said...

"ကကြိုးရှုပ်တဲ့ပွဲမို့
လွဲချော်ခွင့်ပေးသနားခံရတာကို ကျေနပ်တယ်"
ငါပြတဲ့တရား ငါကိုယ်တိုင်နားခါးနေတုန်းပဲ
ဒီဘ၀ မင်းနဲ့မပေါင်းရသေးသရွေ့ ..။

တကယ်လို့များ
ကကြိုးမရှုပ်တဲ့ပွဲတစ်ခုမှာ
လွဲချော်ခွင့်တွေလဲမရှိခဲ့ဘူးဆိုရင်
ဘာတွေဖြစ်လာမလဲ ကဗျာဆရာရေ

Layma said...

သူပုန်ထထနေတဲ့ ကဗျာပိုး
ချစ်ခြင်းမေတ္တာနဲ့ လဲခဲ့
စိတ်အလိုကျအောင် နေထိုင်ခဲ့
......
ဒီဘ၀ မင်းနဲ့မပေါင်းရသေးသရွေ့

( ပေါင်းပြီးသွားရင် အဲလို နေမှာ မဟုတ်ဘူး လို့ ဆိုလို တာပေါ့နော် ...) :P

ညိမ်းညို said...

အမလေးမရေ (ဒီဘ၀ မင်းနဲ့မပေါင်းရသေးသရွေ့ )ဆိုတဲ့နေရာမှာ (အချစ်နဲ့ဘ၀ ထိခတ်ခွင့်မရသေးသရွေ့ ..)
လို့ ပြင်ဖတ်ပေးပါနော် :) ပျော်ရွှင်ပါစေ :D

တင့်ထူးရွှေ said...

ပြင်ပြီးသား အသစ်ကို ပြန်ဖတ်သွားတယ် ၊ အမြန်ဆုံး ထိခတ်ခွင့် ရပါစေဗျာ :P

SoeMoe said...

ဟင်းးးး...ဘာရေးရေးကောင်းနေတာလဲနော်..မနာလိုတော့ဘူး..
စိတ်အလိုကျအောင် နေထိုင်ခဲ့
ငါ့အတွက် ဖဲ့ယူထားမိတယ်ဆိုရင်တောင်
အဲဒါ မင်းကိုလွမ်းနေတဲ့အချိန်လေးပဲဖြစ်မှာ။

....တော့မသိဘူး
ဒီမှာတော့....... ကဗျာလေးကအရမ်းကောင်းတယ်
်အစ်ကိုရေ..
အဆင်ပြေပါစေနော်..

..
:P

Anonymous said...

ချစ်နိုင်သူ တွေ ချစ်ကြပါ ချစ်ကြပါး)
ပန်းနဲ့ပစ်ပေါက်လိုက်တာပါပဲ
အဆိပ်ရနံ့တွေ လှိုင်ထနေတော့
ရင်က တဆစ်ဆစ်နာ ပန်းနဲ့ မှ ပေါက်ရသလား နာ့အစ်ကိုရာ အဲ့လောက်ကိုတော့ ညီလေးက သင်ပေးစရာမလို ပါဘူး ဟားဟား စတာ ဘာရေးရင် လာဖြစ်နေသလဲဆိုတာကို အာရုံခံလို့ ရတယ် ။ ဟိုသီချင်းလေး ဆိုပြလိုက် Baby You Should Break My Heart Slowly :P

Layma said...

မောင်ညိမ်းညို တို့ များ ကြောက်လိုက်တာကို ပျာနေတာပဲ ...။ ချက်ချင်းကို ကောက်ပြင်တာ ...။ :Pအဓိပ္ပါယ်ကောက်လွဲ မှာ စိုးတာကို ပြောတာပါ ..။ တစ်မျိုး မထင်ပါနဲ့  ..။

Kaung Kin Ko said...

အင်း အချစ်နဲ့ ဘဝ ထိခတ်ခွင့် မရသေးသရွေ့ တော့ .....

ကေ.တီ.အမ် said...

အချစ် နှင့် ဘ၀ က
ကောင်းကင်နဲ့မြေကြီးမှ
ပစ်လွှတ်တဲ့ အပ်နှစ်စင်းအလား
း)

အားပေးသွားတယ်