20 May 2008

အနံ့အသက်ကင်းစင်သော

(ပုံကို ဒီနေရာက ယူပါတယ်)

ခြေခင်းလက်ခင်းသာတဲ့တစ်နေ့
မြစ်ကမ်းနံဘေးမှာ သွားထိုင်မယ်
တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေကို
တွေတွေကလေး ငေးကြည့်မယ်
ချုပ်ညရီ ဆည်းဆာဖျော့အေးမှာ
ငယ်စဉ်တောင်ကျေး ကလေးဘ၀ကို ဆွေးမယ်
လရိပ်နုနု သဲမြေစုမှာ
နွေးထွေးခဲ့ဖူးတဲ့ ရာသီတစ်ချို့ ကို လွမ်းမယ်
သာသာပြေပြေတိုက်ခတ်သွားတဲ့ လေညင်းရဲ့ကျောပေါ်
ရန်ကြွေးတွေကို ခ၀ါချစွန့်လွှတ်ရင်း အသာတကြည် ပြုံးမယ်
ကမ္ဘာမြေတစ်နေရာက ကူကယ်ရာမဲ့လူသားတစ်ဦးဆီ
စာနာစိတ်ကလေးနဲ့ ကြေးနန်းရိုက်မယ်
လိုအပ်သူအတွက်
ကောက်ရိုးမျှင်ကလေးပဲဖြစ်စေဦးတော့..
ပုလင်းလွတ်တစ်လုံးထဲက
စက္ကူအပိုင်းအစလေးတစ်ခုကို စိတ်လိုလက်ရ မျှော်မယ်
ကိုယ့်ရှေ့ကလူတွေ ရေးခဲ့ကြတဲ့
ရေပေါ်အရုပ်လေးတွေကို ကြိုးစားပန်းစားဖတ်မယ်
...................................
....................................
....................................
ပြီးရင်
သစ်ရွက်ကြွေလေးတွေ မနိုးခင်
သာသာဖွဖွခြေလှမ်းနဲ့ တိတ်တိတ်ကလေး ပြန်ခဲ့မယ်
သတိရသည်ဖြစ်စေ၊ သတိမရတော့သည်ဖြစ်စေ
ကျွန်တော့်ကိုယ်ငွေ့လေးကို ထားခဲ့မယ်
ဒီနေရာမှာ ကျွန်တော်ထိုင်သွားတယ်ဆိုတဲ့အကြောင်း ...။

ညိမ်းညို

10 comments:

Unknown said...

သတိရသည်ဖြစ်စေ၊ သတိမရတော့သည်ဖြစ်စေ
ကျွန်တော့်ကိုယ်ငွေ့လေးကို ထားခဲ့နော်.....

Anonymous said...

ချုပ်ညရီ ဆည်းဆာဖျော့အေးမှာ
ငယ်စဉ်တောင်ကျေး ကလေးဘ၀ကို ဆွေးမယ် အဲ့နေရာလေး ခံစားချက်ချင်းတူနေတယ် အစ်ကိုရေ့ ကျနော်လည်းပဲ မိုးတွေအရမ်းရွာရင် စိတ်ထဲက အလိုလို ဆွေးနေတာ .............။

ဟားဟား ဦးကြွက်င်္ကြီး ကိုယ်ငွေ့ ချန်ခဲ့မယ်ဆိုရင် ရေမွှေးဆွတ်ခဲ့နော် တားတား တို့ က ဘီယာနံ့ ဆိုရင်မခံနိုင်လို့ ပါဗျား) ။

SoeMoe said...

ကဗျာလေးကစိတ်ကူးကောင်းလွန်းတော့..အရာအားလုံးအနံ့ အသက်ကင်းစင်နေတယ်..အဆင်ပြေပါစေအစ်ကိုရေ....
ပန်းချီကားလေးကလည်းလှတယ်
ကဗျာကောင်းလေးတွေဖတ်ရလို့ ကျေးဇူးပါ.... .. :) :) :)

မျှားပြာ said...

ကဗျာဆရာ .....

Layma said...

ခြေခင်း လက်ခင်း သာတဲ့တစ်နေ့ 
ဘလော့ဂ်တွေကို တပျော်ကြီးလည်မယ်..
စာတွေတပုံကြီး ဖတ်ဦးမယ်…
ကွန်မန့်တွေ တစ်ပျော်ကြီးရေးမယ်..
လာသွားတယ်ဆိုတာ သိရုံလေးပေါ့ ..။
ညိမ်းညို နဲ့ ကေ … ပျော်ပါစေ..

တင့်ထူးရွှေ said...

ကဗျာကောင်းတစ်ပုဒ် ဖတ်ရလို့ ကျေးဇူးဗျို့

လင်းဦး(စိတ်ပညာ) said...

ကောင်းပါတယ် ညီလေး... အကောင်းဆုံးဖြစ်အောင် ရေးနိုင်တယ်။

Unknown said...

ကောင်းတယ်ဆိုတာထက်ကိုပိုကောင်းနေတယ်ကဗျာဆရာရေ... :)

ein said...

အနံ့သက်ကင်းစင်တဲ့ ကိုယ်ငွေ့လေးလားဗျ...း)
ကဗျာကောင်းတစ်ပုဒ်ကိုမျှဝေပေးတဲ့တွက် သိုင်းကျုးညိမ်းညို...။

ကိုရင်နော်ခင်လေးငယ် said...

အရမ်းကို ဖတ်လို့ ကောင်းတဲ့ ကဗျာလေးပါ။
ကျေးဇူးတင်တယ်။