4 May 2008

ရေးသူဖတ်သူ

ဒီနေ့
သူက ကျွန်တော့်ကိုစိမ်းတယ်
မုန်းတယ်..မုန်းတယ်လို့ အခွန်း၂၀ကျော်ပြောတယ်
(၃၀ နားကပ်သွားမယ်ထင်တယ်)
ကျွန်တော့်ကိုယ်ကျွန်တော် ဆန်းစစ်ကြည့်တယ်
ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ခဲ့ဘူး
(ဟုတ်တယ်လို့ပြောရင် ကျွန်တော်ညာတာ)
ဒါပေမဲ့ သေချာတာ၂ခု ရှိတယ်
ကျွန်တော် ဖိနပ်မှားမစီးခဲ့ဘူး
တခြားလူလမ်းကြောင်းကို လုမလျှောက်ခဲ့ဘူး
ဝါးကျည်တောက်စုဗူးလေးထဲ
ရှိရှိသမျှပိုက်ဆံတွေကို အမြတ်တနိုးခေါက်ခေါက်ထည့်သလိုမျိုး
အချစ်ကို မစားရက်မသောက်ရက်စုခဲ့တယ်
ရေလောင်းနေရင်း… ပေါင်းသင်နေရင်းမှာပဲ
ဥယျာဉ်လေးနဲ့ကျွန်တော်က ပိုပိုဝေးကွာ
ဘာကြောင့်ပါလိမ့်…
ခေတ်ပျက်ကြီးထဲမှာဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့
လမ်းတွေကိုယ်၌က သစ္စာမဲ့ကုန်ပြီလား
သူက ရီစရာမောစရာ ကျီစားလိုက်တာပါတဲ့
ဟောဒီကဗျာဆရာငတုံးကြီးမှာသာ ရီစရာနောက်ကမောစရာတွေနဲ့
ဖျတ်ဖျတ်ကိုလူးလို့...
နေပူပူသဲပူပူ သောင်ပြင်ပေါ်လွတ်တဲ့ငါးတစ်ကောင်လို..။

ညိမ်းညို

7 comments:

Unknown said...

မုန်းတယ် မုန်းတယ် မုန်းတယ်လို့ ... ကဗျာဆရာ အခွန်း၃၀ ပြည့်သွားပြီလား

:P :P

SoeMoe said...

သူက ရီစရာမောစရာ ကျီစားလိုက်တာပါတဲ့
ဟောဒီကဗျာဆရာငတုံးကြီးမှာသာ ရီစရာနောက်ကမောစရာတွေနဲ့
ဖျတ်ဖျတ်ကိုလူးလို့......
ရေးသူဖတ်သူကြည်ဖြူရင်..ပြီးတာဘဲမဟုတ်လား...အရမ်းကောင်းတဲ့ကဗျာလေးပါ.... :P

Anonymous said...

အစ်ကိုကြီးကလည်း ရယ်စရာ မောစရာ အဖြစ် ကျီးစယ်ပါတယ်ဆို စိတ်ကောက်နေပြန်ပြီး ထုလိုက်၇နာတော့မယ် ဟီးးး ကိုယ့်ကိုယ်ကို ပြောတာလည်း ကဗျာဆရာ ငတုံးကြီးတဲ့ နည်းနည်းလောက်လျှော့ ၅ ကျပ်ဖိုးလောက်း)

မျှားပြာ said...

မင်းတို့နှစ်ယောက်ကတော့ လုပ်ပီ ကောင်းတယ် ချ ..
ပြည့်သွားပီထင်တယ် ... ထပ်ပြောသွားတယ် ဟတ်ဟတ်
အဆင်ပြေပါစေကွာ ..။

ein said...

ဟုတ်လားညိမ်းညို အဲနေ့က ပြောသွားတာပေါ့လေ စိမ်းကားစွာနဲ့...:P
မစားရက် မသောက်ရက် ဆက်ဆက်စု...း)
အော ညိမ်းညိုက သူမလေးတွက် ဥယျဉ်မှူးလုပ်လိုက်ထားတာ ဟုတ်ဘူးလားကွ ?

Unknown said...

အရမ်းကိုနှစ်သက်သဘောကျရတဲ့ကဗျာတပုဒ်ပါ..ရေးထားတဲ့ပုံစံလေးကဆန်းတယ်..တအားဆွဲဆောင်မှုရှိတယ်..ကဗျာဆရာရေ..

Layma said...

ကဗျာဆရာငတုံးကြီးက အဲလို..စာသားလေးတွေနဲ့ ဖျတ်၂လူးပြနေတာ ... ယုံစားအောင် ပုံမှားရိုက်ရိုက်ပြနေတာ ... ကောင်မလေးရေ..ယုံနဲ့ ..။
ဟီး...မီဒီယာနဲ့  တိုက်ပေးသွားတာ..။