2 March 2008

ဇောက်ထိုးကောင်၏ မှတ်စုများ (၁၅)

ငါ့မှာ အစွယ်လည်းမရှိဘူး
လက်သည်းလည်းမရှိဘူး
လူတစ်ယောက်အဖြစ် ရပ်တည်နေသေးတယ်ဆိုတဲ့သင်္ကေတ
ထိပ်ကိုပုတ်ရင်တော့ ခေါင်းထောင်လာတတ်ပါသေးတယ်
မငိုကြေး မရယ်ကြေးလေ
ငါကိုက သမိုင်းသင်ခန်းစာတွေကို မကြေညက်ခဲ့တာထင်ပါရဲ့
ဟုတ်တာပေါ့ ... ပြဿနာတိုင်းသာ
သံခင်းတမန်ခင်းသက်သက်နဲ့ ဖြေရှင်းလို့ရခဲ့မယ်ဆိုရင်
ကမ္ဘာပေါ်မှာ စစ်ပွဲကြီးတွေ ဘယ်ရှိလိမ့်မလဲ
ကဲဗျာ.."ခင်ဗျားတို့ကို စိန်ခေါ်တယ်"
အပေအတေလေလွင့်နေစဉ်ဖတ်ခဲ့ဖူးတဲ့ စာတစ်အုပ်ရဲ့ခေါင်းစီး
အဲဒီမှာ ကျစ်ဆံမြီးလိုတွယ်ငြိနေတဲ့ ကျွန်တော်ရဲ့စိတ်
မိအောင်ဖမ်းချိတ်ချင်သပဆိုလဲ ချိတ်ကြပေရော့။

ညိမ်းညို

4 comments:

SoeMoe said...

အကို..ဇောက်ထိုးကောင်မှတ်စုတွေပြန်ရှာဖတ်အုံးမှနဲ့ တူတယ်..ရေးသာရေးအကိုရေ...

Anonymous said...

အနော် ဘာမှလုပ်ဘူးနော် ကြောက်ပါတယ်ဆို စိန်ခေါ်တယ်တဲ့.....ဖွင့်ချလိုက် ဖြေချလိုက် ဒါမှသက်သာမှာ ကိုယ့်ဘလော့ကိုယ်ကြိုက်တာရေး ( မြှောက်ပေးနေတာ ) ဟားဟားး..........
ဦးကြွက်ကြီးက ဇောက်ထိုးကြီးလား ကျနော်ထင်တာ ကန့် လန့် လားလို့ မှန်းကြည့်တာ ၅ ကျပ်ဖိုးလောက်လွဲသွားတယ်............။

Layma said...

အစွယ်လည်း မရှိဘူး
လက်သည်းလည်း မရှိ..ဇောက်ထိုးဆိုတော့...အိမ်မြောင်..အိမ်မြောင်လား...။
စိန်ခေါ်တယ်လား...မီဒီယာနဲ့တိုက်မှာနော်...။ အဟီး..ကေကို ညိမ်းညို အကြောင်းတွေ ဖွလိုက်မယ်လို့ပြတာ..။

ein said...

ဒီမှတ်စု ( ၁၅) လေးလဲကောင်းတယ်ဗျာ...း)
ဟုတ်တာပေါ့ဗျာ ... ပြဿနာတိုင်းသာ
သံခင်းတမန်ခင်းသက်သက်နဲ့ ဖြေရှင်းလို့ရခဲ့မယ်ဆိုရင်
ကမ္ဘာပေါ်မှာ စစ်ပွဲကြီးတွေ ဘယ်ရှိလိမ့်မလဲနော်