1 March 2008

မိတ်ဆွေတို့ ...

ယာခရိုး၌ ငွေချိုးကကူ
ပန်းကလေးတို့ ပျံ့ မွှေးကြူကြူ
မြမြက်ခင်းနှင့် နှင်းစက်ဖြူဖြူ
မိတ်ဆွေတို့ သွားစို့ခရီးတူ ။

အိပ်မက်သာမျှ ဘ၀တိုတို
မည်သူ့ဆီက ဘာမျှမလို
ချစ်ခြင်းကိုဖြင့် ပေးခွင့်ကိုဆို
မိတ်ဆွေတို့ ဆိုစို့တေးချိုချို ။

ဆိုကြသည့်တေး အေးမြကြည်လင်
ကြင်နာကြတုန်း ပြုံးပြုံးရွှင်ရွှင်
ရှေ့ တောင်ရိုးက မိုးစက်ကယ်ဆင်
မိတ်ဆွေတို့ ခွဲဖို့အချိန်ပင် ။

တွေ့ကြဆုံကြ လောကဧည့်သည်
လျှပ်တပြက်မျှ ကြုံရပေသည်
မုန်းလျက်မခွဲ ချစ်လျက်ခွဲမည်
မိတ်ဆွေတို့ သုတ်စို့မြမျက်ရည် ။

ပျဉ်းမနားမောင်နီသင်း

ဒီကဗျာကို ဦးဝင်းဖေ(ဆရာမြဇင်) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပါတယ်။

FRIENDS

Silver doves coo above the hillside field.
Flowers scatter their sweet scent.
An emerald plot of grass,
Silver drops of dew,
Let's go on a journey together, friends.

This life is short as a dream.
There's nothing we ask of anybody.
Only let us give you our love.
Let's sing a sweet song, friends.

So we sing this cool, clear song,
And smile joyously while we love.
Rain gathers on the eastern hill.
It's now time to part, friends.

We meet for the lighting's span of time,
Guests of the world.
We part not in hate but part in love.
Let's wipe away the emerald tears, friends.

Trs; Win Pe (မြဇင်)

1 comments:

Layma said...

စာကြည့်တိုက်က စာအုပ်တွေ ဘုန်းထားကြောင်း သက်သေ အထောက်အထား တော်တော် စုံနေပါပြီ..။ အဲဒီတော့...။