18 February 2008

ကွဲပြားရလဒ်

လမင်းကဖြာကျတဲ့ အလင်း
မြို့ ကြီးပြကြီးမှာ လင်းချင်မှလင်းမယ်
ကျေးလက်က တောရွာလေးမှာတော့
လင်းတပပ ၀င်းမြ..သာစွ ။

သူ့ဘက်ကပုတ်ထုတ်လိုက်တဲ့ ဘောလုံး
(သူ့အဖို့ ) အရှိန်ပြင်းကောင်းမှ ပြင်းမယ်
တစ်ဖက်က လူမှာတော့
ဘ၀တစ်ခုလုံး လွင့်သွားရှာပေါ့.. ကြေမွ ။

ညိမ်းညို

3 comments:

Layma said...

ဘောလုံးတစ်လုံးကြောင့် ဘ၀တစ်ခုလုံး လွင့်...ကြေမွ... သွားနိုင်တယ်ဆိုရင်..အဲဒီဘ၀က တော်၂ အခြေမခိုင်တာ ဖြစ်မယ်...။ အဟဲ..ကန့်လန့်တွေးသွားတာ...။

Unknown said...

အရှိန်ပြင်းတယ်နော်..သတိထားးးးးးးးးး
..... :D

SoeMoe said...

ကဗျာလေးကကောင်းတယ်..ကွဲပြားရလဒ်ကြောင့်ဘဝတခုလုံးကြေမွလွင့်သွားရတာတွေလဲရှိတယ်....။အကိုကဗျာကောင်းတွေဒီထက်ပိုရေးနိုင်ပါစေ....