31 January 2008

မြုံနေတဲ့ပင်လယ်

လေလည်းမမှန် မိုးလည်းမမှန်ဘူး..တဲ့
ရာသီဥတုမှာ အပြစ်ကြီး လုံးလုံးဖြစ်လို့
သစ်သီးတစ်လုံးရဲ့ ရနံ့ကိုတောင်
သိမ်သိမ်မွေ့မွေ့ ၀ှက်ထားရတဲ့ပင်လယ်
စိတ်ကူးရှိသလောက်
လက်ပစ်မကူးရဲရှာတော့
ကိုယ့်အဇ္ဇျတ္တနဲ့ကိုယ်
အချိန်မှန်မှန် ခေါက်ရိုးကျိုးနေရ
ဝိညာဉ်ကင်းတဲ့ခန္ဓာက

ရေသေတွေပေါ် ပေါလောမျောပါ
ဒီလိုနဲ့ ..
မြုပ်လိုက်နစ်လိုက် ပင်လယ်ဟာ
ကိုယ့်သွေးနဲ့ကိုယ် ရဲဆေးတင်ခဲ့ပေါ့
ငါ့ကိုယ်ငါထမ်းပြီး

လာလမ်းကိုပြန်လာမယ် ဆိုတဲ့အကြောင်း..။

ညိမ်းညို

4 comments:

Unknown said...

အောင်..ကဗျာလေးဖတ်သွားတယ်..အောင်လိုဘဲဆုတောင်းပေးမယ်..ပျော်ရွင်ပါစေလို့ ... :) :) :)

မျှားပြာ said...

ငါ့ကိုယ်ငါ ထမ်းပီး မင်းဆီလာခဲ့မယ် ရတယ်ဟုတ် ဟတ်ဟတ်

Layma said...

မြုပ်လိုက်နစ်လိုက် ပင်လယ်ဆိုပါလား..။
ဟုတ်ပေသားပဲနော်..ပင်လယ်...ရေမွန်းမယ်...ဂရုစိုက်...။

စိုးထက် - Soe Htet ! said...

ကိုယ့်သွေးနဲ့ကိုယ် ရဲဆေးတင်ခဲ့ပေါ့
ငါ့ကိုယ်ငါထမ်းပြီး
လာလမ်းကိုပြန်လာမယ် ဆိုတဲ့အကြောင်း..။
ကောင်းတယ် ဗျို့ :P