7 October 2007

အသံ

ဝေးတဲ့အခါ
ငါ့အသံတွေ ပိုကျယ်တတ်ပါသလား
နီးကပ်လွန်းတဲ့အခါ
ငါ့အသံတွေ တိမ်ဝင်သွားတတ်ပါသလား
ပြောမထွက်ဘူးဆိုပြီး တစ်ခါတစ်ခါ မြိုသိပ်တယ်
မပြောရက်ဘူးဆိုပြီး တစ်ခါတစ်ခါ ငဲ့ညှာတယ်
မပြောတတ်ဘူးဆိုပြီး တစ်ခါတစ်ခါ ခေါင်းရှောင်တယ်
မပြောရဲဘူးဆိုပြီး အခါခါ ခေါင်းငုံ့ရတိုင်း
ငါ့အသံမှာ သစ္စာတရားဟာ တတိတိယိုယွင်းတယ်။

ညိမ်းညို

2 comments:

Layma said...

သိပ်ကောင်းတဲ့ အသံဆန်းစစ်မှုပဲ...။
ဟုတ်တယ်... ဝေးတဲ့နေရာက အသံတွေက ကျယ်တယ်..။ နီးတဲ့နေရာမှာ အသံတွေ တိမ်ဝင်လို့..ကဗျာဆရာ ပြောတာအားလုံးအတိအကျပဲ...။ကြိုက်တယ်...။

johnmoeeain said...

တိုးတိတ်စွာနဲ့ ပျောက်ကွယ်သွားတဲ့
အသံတွေ နားထောင်နေမိတယ်...။

ထွက်မလာပေမယ့်
ရင်ထဲမှာ ဗလောင်ဆူနေမိတဲ့ အသံတွေကိုပေါ့..။