15 September 2007

အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၂)

* နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာရှိရင် ငရဲခန်းက အပြန်မှာတောင် ကျွန်တော့်မျက်နှာဟာ ကြည်ရွှင်လန်းဆန်းနေပါလိမ့်မယ်။ အကယ်၍ နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာ မရှိခဲ့ရင်တော့ နတ်ဘုံနတ်နန်းက ပြန်လာရင်တောင် ကျွန်တော် ပျော်နိုင်မယ်မထင်ဘူး။


* လူတစ်ယောက်၏ စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာကို ဆင်မြန်းထားသော အ၀တ်အစား၊ ရွှေထည်ငွေထည်တို့ဖြင့် ပုံဖော်၍ မရစကောင်း။ ထိုသူ၏ စောင့်စည်းထိန်းချုပ်မှု၊ လုပ်ရပ်နှင့် ပြုကျင့်ပြောဆိုမှုတို့မှသာ ပုံဖော်၍ ရနိုင်ကောင်း၏။

* မိမိ၏ မသိနားမလည်မှုအတွက် ရှက်ကြောက်ဖွယ် အကြောင်းမရှိ။ ထိုမသိနားမလည်မှုကို ကြာရှည်လေးမြင့် လက်ခံထားခြင်းကသာ ရှက်ကြောက်ဖွယ်ဖြစ်၏။

- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာ ဖြစ်ပါတယ်။ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။

ညိမ်းညို

1 comments:

Anonymous said...

ညိမ်းညိုရဲ့ အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသော အစိတ်အပိုင်းများဆိုတဲ့ ခေါင်းစဉ်ရယ် ၊ ပြောထားတာတွေရယ် အားလုံးကို သိပ်ကြိုက်တယ် ။

အရေးအသား အရမ်းကောင်းတယ် ညိမ်းညို ။ တချို့ကဗျာတွေကတော့ အမအတွက် မြင့်လွန်းလို့ ၊ သိပ်တောင်နားမလည်လို့ နားလည်တဲ့သူတွေကို ပြန်မေးနေရတယ်း)