မင်းမျက်လုံးထဲ
ကြယ်ကလေးတွေကောက်ကောက်ထည့်ရတာ ငါပျော်တယ်။
သိပ်မြင့်တဲ့တောင်တွေပေါ်က
ဒလိမ့်ခေါက်ကွေးပြုတ်ကျတဲ့အခါတိုင်း အဲဒီကြယ်လေးတွေကို ခိုဆွဲထားနေကြမို့လေ။
မင်းရယ်သံလေးကို
ပလတ်စတစ်လောင်းပြီး အခန်းနံရံမှာ ချိတ်ထားရတာ ငါပျော်တယ်။
အမူးလွန်ပြီး အိပ်မက်တွေလမ်းပျောက်တဲ့ညတိုင်း
တခစ်ခစ် သွေးဆောင်နေကြမို့လေ။
မင်းဆံပင်ရှည်ကြီးတွေထဲ
မမြင်ရတဲ့ငါးတွေ လှမ်းလှမ်းဖမ်းရတာ ငါပျော်တယ်။
လက်မဲ့ခြေဗလာနဲ့ ပွဲခင်းထဲကထွက်ခဲ့ရတဲ့အခါတိုင်း
မျှော်လင့်ချက်ကို အသက်သွင်းပေးနေကြမို့လေ။
ဆီးလီနာရေ…
အကုသိုလ်အနည်းဆုံး စိတ်ကစားမှုတစ်မျိုးလို့ အမျိုးအမည်တပ်ပါ
မင်းကို အသက်ရှူတိုင်း လွမ်းနေခဲ့တယ်။
ညိမ်းညို
19 March 2011
အဝေးရောက်ထွက်ဆိုချက်
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
10 comments:
ညီလေးရေ မင်းဘလောဂ့်ကို မကြာခဏရောက်ပါတယ် ။ အခုမှ သုံးလို့ အဆင်ပြေတယ်ထင် ။ တင်လှချည်လား :)))
ပျောက်သွားတာ ကြာလို့ blog မှာ မတင်တော့ဘူးလားလို့တောင် ထင်ခဲ့တယ်..
ကဗျာတွေ ဖတ်ခွင့်ပြန်ပေးလို့ ကျေးဇူးပဲအကိုရေ...
ကြယ်တွေကို ဆွဲခိုထားတဲ့ အစ်ကိုတော်ညိမ်းညို.. ရယ်သံတွေ ဆံပင်ရှည်တွေကြား အသက်ဝအောင် ရှူနိုင်ပါစေ။ ပျော်ရွှင်အဆင်ပြေပါစေသော်.. =)
အတွေးကောင်းကောင်းလေးတွေ ပျော်ဝင်နေတဲ့ ကဗျာလေးတွေကို လာရောက်ဖတ်ရှုသွားပါတယ်။
ခင်မင်လေးစားလျက်
အသက်ရှူတိုင်း လွမ်းနေခဲ့တယ် ။
လွမ်းတယ်
လွမ်းတယ်....
ကြိုးစားပန်းစားတော့လွမ်းကြပါတယ် ..
ဒီလိုလေးတော့ မလွမ်းတတ်တာ ဝန်ခံပါတယ်ဗျာ...
လေးစားလျှက်
အုပ်ကြီး
Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
အရမ်းကောင်းပါတယ် Bro
Post a Comment