6 April 2010

နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်

ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ခြင်းမှာ
ကျေနပ်မှုအပြည့်အ၀ရတဲ့ ချစ်သမီးလေးရယ်
ဒီလိုသာ အမြဲရောင့်ရဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ

လူဆိုတာ တပ်မက်မှုနောက်လိုက်မိရင်
လိုက်ရင်းနဲ့ နစ်သထက်နစ်ကာ ရေမကူးတတ်ခင်
ပင်ကိုယ်စိတ်ချမ်းမြေ့မှုတွေ မသိမသာ ပျောက်သွားမယ်

(...အပင်ထက်ပွင့်တဲ့ အမြင့်ပန်းကို ပန်ဆင်ချင်လာတတ်တဲ့တစ်နေ့ကျရင်
မင်းကမ္ဘာဟာတဖြည်းဖြည်း ရှုပ်ထွေးလို့လာမယ်

ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ခြင်းမှာ
ပျော်တတ်တဲ့ ရိုးသားမှုကို ချစ်သမီးလေးရယ်
ဘယ်လိုလူလောကစည်းစိမ်အတွက်မှ မစတေးနဲ့...) ၂

ဆရာစိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်သီဆိုခဲ့တဲ့ သီချင်းတပုဒ်ပါ။ ခေါင်းစဉ်က "နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်" လို့ ထင်ပါတယ်။ မှားရင် ပြင်ပေးခဲ့နိုင်ပါတယ်။

နှစ်ရှည်ကြာမြင့်စွာ ကြိုက်နှစ်သက်ခဲ့ရတဲ့ ဒီသီချင်းလေးဟာ လောလောဆယ် ရက်သတ္တပတ်များကို အုပ်မိုးကာကွယ်ဖို့ ကျနော်ကိုင်စွဲထားတဲ့ ဒိုင်းတစ်လက်လည်း ဖြစ်ပါတယ်။

3 comments:

သက်ဝေ said...

အခုတလော ကိုယ်လဲ စိုင်းထီးဆိုင် သီချင်း အဟောင်းတွေ ပြန်နားထောင်နေမိတယ်...

ဆရာ စိုင်းခမ်းလိတ်ရဲ့ စာသားတွေ တလုံးချင်း သေသေချာချာ ခံစားကြည့်ရင်း အဓိပ္ပါယ်တွေ လေးနက်တာ တွေ့လာရတယ်...

အကြိုက်တူလို့ လာရေးသွားတာပါ...း))

ယောနက်သန် said...

ကျနော် လည်း အဲဒီသီချင်းကြိုက်တယ်။

နေ့ သစ် said...

ဒီသီချင်းလေး ခုပဲ နားထောင်နေတာ ...း) တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အစ်ကိုရေ ... ။
ဧပရယ်လထုတ် အိုင်ဒီယာမဂ္ဂဇင်းမှာ
အစ်ကို့ ရဲ့  ကိုင်းဖျားလရိပ် ဆိုတဲ့ကဗျာလေးဖတ်လိုက်ရပါတယ် ... ။
အရမ်းသဘောကျ နှစ်ခြိုက်မိပါတယ် အစ်ကို ... ။
ပြီးတော့ ကျနော့်ကို လင့်ခ် ချိတ်ခွင့်ပြုပါ။
လေးစားလျက်။
ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်