17 February 2010

မသူတော်တဦးရဲ့ တနေ့တာမှတ်တမ်းကြီး

အိပ်ယာကနိုးတာနဲ့ ငြီးငွေ့မှုကိုအရင်ခလုတ်တိုက်မိတာပဲ
ကော်ဖီဖျော်တယ် သတင်းစာဖတ်တယ်
(ဘာသတင်းစာဖတ်တာလဲ လာမမေးနဲ့
ကုလားကားထက်ပေရှည်တဲ့ တရုတ်ကားတွေ ကိုရီးယားကားတွေပေါ်ပေါ်နေတာ မကောင်းဘူးပဲ)
နိုင်ငံတကာသုံးဝေါဟာရလေး မတောက်တခေါက်ကျက်တယ်
ကဗျာလေးဘာလေးရေးဖြစ်ရင်တောင် နိုင်ငံတကာကသိအောင်ပေါ့
ဘာဘာညာညာ အဲသလိုမဖြစ်ညစ်ကျယ်အတွေးလေးလဲပါတယ်
(နိုင်ငံတကာစံဆိုတာ သူဌေးတွေစားတဲ့ ပေါ်ဆန်းမွှေးလိုဆန်လား)
ကိုယ့်စိတ်ကိုယ် ယင်မောင်းတယ် ယင်ခြောက်တယ်
သူတို့လာအုံလို့ ကိုယ့်မှာအနာရှိမှန်းသိရတာ၊ ကျေးဇူးတင်တယ်
ထမင်းမစားသေးဘူး ကဗျာတချို့စားတယ်
စားပြီးရင် ပက်လက်ကြီးလှန်ပြီး ကဗျာလုံးစီတယ်(ထမင်းလုံးစီတယ် ကြားဖူးလို့)
ကဗျာကြို့ထိုးတယ် ကဗျာလေချဉ်တက်တယ်
ဒါနဲ့ပဲ နေ့ကိုအလျားလိုက်ဆွဲဆန့်ပြီး ကဗျာနဲ့ပျင်းကြောရှည်တယ်
ညနေစောင်းတော့ ခြင်းကွင်းထဲရောက် ဘောလုံးကွင်းထဲရောက်
ကိုယ့်ခြေထောက်ထဲက ခြင်းလုံး(ဘောလုံး)ကို သူများဆီကန်ပို့
သူများခြေထောက်ထဲက ခြင်းလုံး(ဘောလုံး)ကို ကိုယ့်ဆီအော်ဟစ်တောင်း
ရှုံးရင်ထွက်ပေးရမယ်ဆိုတော့ တွန်းအားနဲ့
နိုင်ရင်ဆက်ကစားရမယ်ဆိုတော့ တွန်းအားနဲ့
တခါလောက် တွေးကြည့်ဖူးလား
ရှုံးလည်းထွက်မပေးရဘူး နိုင်လည်းဆက်မကစားရဘူးဆိုတဲ့အခါ
ဘယ်လိုတွန်းအားတွေ ရှိနိုင်သေးလဲ
မော်တော်တွေရေထဲတော့ သိတယ် ပျော်ပျော်နေသေခဲတော့ စဉ်းစားရဦးမယ်
မနက်ဖြန်ထမင်းစားဖို့ ဒီနေ့လည်းထမင်းစားလိုက်ဦးမယ်(ကြောင်တာ)
မနက်ဖြန်ကဗျာတွေဖတ်ဖို့ ဒီနေ့လည်းကဗျာတွေဖတ်လိုက်ဦးမယ်(ထပ်ကြောင်တာ)
ဂစ်တာမတီးဖြစ်တဲ့ညတွေဟာ အသံတိတ်ကြေကွဲနေလို့
ဘိုင့်ဘိုင် ချဲရီးယို။

ညိမ်းညို

17 comments:

လင်းဒီပ said...

“အိပ်ယာကနိုးတာနဲ့ ငြီးငွေ့မှုကိုအရင်ခလုတ်တိုက်မိတာပဲ”
အဲဒီစာကြောင်းက ရှော့...အစ်ကို အခုဖြစ်နေတဲ့ရှော့
လွန်ခဲ့တဲ့နှစ်အနည်းငယ်က စခဲ့တဲ့ရှော့..

“နိုင်ငံတကာသုံးဝေါဟာရလေး မတောက်တခေါက်ကျက်တယ်
ကဗျာလေးဘာလေးရေးဖြစ်ရင်တောင် နိုင်ငံတကာကသိအောင်ပေါ့”
ဒီအပိုဒ်လေးကတော့ ပြုံးမိတယ်..။

“မနက်ဖြန်ထမင်းစားဖို့ ဒီနေ့လည်းထမင်းစားလိုက်ဦးမယ်(ကြောင်တာ)
မနက်ဖြန်ကဗျာတွေဖတ်ဖို့ ဒီနေ့လည်းကဗျာတွေဖတ်လိုက်ဦးမယ်(ထပ်ကြောင်တာ)”
မသူတော်ချင်း သီတင်းလွေ့လွေ့ ထမင်းတွေ ဆက်စား လိုက်ဦးမယ်..။
မသူတော်ချင်း သီတင်းလွေ့လွေ့ ကဗျာတွေ ဆက်ဖတ် လိုက်ဦးမယ်..။

ဂျေဂျူဝိုင် said...

ဟောဗျာ!!!!!!!!!!!!!!




ကဗျာပုံစံကို ကြိုက်ပါတယ်

လွမ်းသုရင် said...

"အိပ်ယာကနိုးတာနဲ့ ငြီးငွေ့မှုကိုအရင်ခလုတ်တိုက်မိတာပဲ"

အဲ့ဒီဟာကြီးကို ခလုတ်မတိုက်မိအောင် ဘယ်လိုလုပ်ရမလဲ...

pandora said...

:)

အတွေးတွေ တိုက်နေတယ်... သြော်..း)

Nyo Htet Nyo said...

တစုံလုံးကြိုက်ပါတယ်ဗျာ….

Julian said...

Nice!

Getup with boring in the morning......... that's so touch :)


and love the whole poem, sorry I can't comment in our own language since I'm commenting from office and has not Myanmar font :( in my PC.


Ju

Mhu Darye said...

ရှုံးရင်ထွက်ပေးရမယ်ဆိုတော့ တွန်းအားနဲ့
နိုင်ရင်ဆက်ကစားရမယ်ဆိုတော့ တွန်းအားနဲ့
တခါလောက် တွေးကြည့်ဖူးလား
ရှုံးလည်းထွက်မပေးရဘူး နိုင်လည်းဆက်မကစားရဘူးဆိုတဲ့အခါ
ဘယ်လိုတွန်းအားတွေ ရှိနိုင်သေးလဲ......

အဖြေက ကိုယ့်ကဗျာထဲမယ် ကိုယ် ထည့်ရေးထားပြီးပြီပဲဟာ..။

မော်တော်တွေ ရေထဲ ... ပျော်ပျော်နေသေခဲ ကြတာပေါ့။

း)

သိင်္ဂါကျော် said...

ငြီးငွေ့မှု တွေကတော့ ခဏ ခဏ ခလုတ်တိုက်နေတာပါပဲ..
ကဗျာလေး ကြိုက်လိုက်တာ..

Unknown said...

ကဗျာဖတ်လို့ဆုံးတော့သက်ပြင်းချမိတယ်

တင့်ထူးရွှေ said...

အပေါ်က အစ်ကို ညိုထက် ပြောသွားတဲ့ အတိုင်းပဲ :-)

Unknown said...

အသစ်မရေးဘူးလား

မေမိုးမခ said...

အစ်ကိုရေ
မနက်ဖြန်ထမင်းစားဖို့ ဒီနေ့လည်းထမင်းစားလိုက်ဦးမယ်(ကြောင်တာ)
မနက်ဖြန်ကဗျာတွေဖတ်ဖို့ ဒီနေ့လည်းကဗျာတွေဖတ်လိုက်ဦးမယ်(ထပ်ကြောင်တာ)
ဂစ်တာမတီးဖြစ်တဲ့ညတွေဟာ အသံတိတ်ကြေကွဲနေလို့
ဘိုင့်ဘိုင် ချဲရီးယို။ စာသားက တော်တော်မိုက်တယ်နော် ကော်ပီသွားပီ ဟီးဟီး

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ် လာဖတ်သွားပါတယ်

Unknown said...

ငြီးငွေ့စရာကောင်းပေမယ့်
စိတ်ရဲ့ လွတ်လပ်မှုတွေအပြည့်နဲ့
ကဗျာဆရာရဲ့ ဘ၀ကို အားကျလိုက်တာ

Unknown said...

ငြီးငွေ့စရာကောင်းပေမယ့်
စိတ်ရဲ့ လွတ်လပ်မှုတွေအပြည့်နဲ့
ကဗျာဆရာရဲ့ ဘ၀ကို အားကျလိုက်တာ

Unknown said...

ငြီးငွေ့စရာကောင်းပေမယ့်
စိတ်ရဲ့ လွတ်လပ်မှုတွေအပြည့်နဲ့
ကဗျာဆရာရဲ့ ဘ၀ကို အားကျလိုက်တာ

Kaung Kin Ko said...

မိုက်တယ် ညီရေ။