14 December 2009

ဟန်တွေက “ဟမ်”ဆိုပြီးရင်သပ်ရှုမောစရာကောင်းလောက်အောင် ဟန်ဆောင်ပြီးဟန်လုပ်နေကြ “ဟမ်”

ဒါ ငါ့ဆန်ကောပဲ ငါတကောကောရင်း အလှေးအမွှားများ ခါထုတ်
ကဗျာသားကဗျာဓာတ်တွေ ကျိုးပဲ့ကုန်ရော့မယ်
ငါ ငြိမ်ငြိမ်လေး ပြန်ကုပ်
ငါ့ခလေးဟာငါ့ခလေးပဲပေါ့ သူ့ခလေးကို လက်သွားဆွဲတော့ ပျော့ပြဲထွက်သွားမယ်
ဟန် ဟန် ဟန်ဓာတ်ခုတ်တော့ အံကပ်ပြုတ်တာပေါ့
“ဟမ်”

ရာသီစာတွေက ရာသီတစ်ရာသီစာမှာ ရောင်းအားကောင်း
ကျေနပ်မှုတွေ ဖောင်းဖောင်းပြည့်လျှံစေတော့
အပုပ်အသိုးအရိအရွဲတွေလည်း ဈေးမကွဲခင်ဈေးထဲချခင်း
အလေးပြည့်ခြင်းမပြည့်ခြင်း (ဆိုဖွယ်ရာရှိသည်များနောက်)
သမာဓိချိန်ခွင်ကြီးများ အိနြေ္ဒရရ လျှာထုတ်ပြသောမပြသော။

ကဗျာကဗျာ ကဗျာကယာရေးပြီး ကဗျာကသီလွှတ်တင်
ကောင်းကင် နည်းနည်းနိမ့်သည်လား
ကဗျာ နိမ့်နိမ့်နည်းသည်လား
ယုံ ရင် ကြည် လိုက်ပေါ့
မူးပြီးရေးထားတယ် မေးပြီးရူးသွားမယ်ကဗျာ
ပြုသမျှနုရမဲ့အထာ။

ညိမ်းညို

3 comments:

မင်းကျန်စစ်။ said...

သတိ !!!!
ဆြာညိမ်း မူးနေသည်။
ဖိနပ်ချွတ်၍ ဝင်ပါ။
ကဗျာများတက်နင်းမိမည်။
TGRmg

စိုင်းလောဝ်ပိန်း said...

မူးပြီးရေးတာတောင် ပိုင်တယ်ဗျာ။
မေးပြီးရူးမသွားဘူးဗျ ကာရန်လေးတွေ သဘောကျသွားတယ်။

ainlwaepan said...

“ ဟ”
:P
ဖတ်သွားတယ် ဆြာညိမ်း :)