5 December 2009

ရိုးရိုးလေး

ချစ်ခြင်းမေတ္တာနဲ့အတူ
အဲဒီနေ့လေးတစ်နေ့ဟာ
မင်းဆီကိုရောက်ရှိလာခဲ့ပေါ့ ..

စကားလေးတစ်ခွန်း အပြုံးလေးတစ်ပွင့်ဟာ
လူတွေရဲ့ စိတ်နှလုံးကို ကြည်နူးရွှင်လန်းစေနိုင်တယ်
စိတ်နေသဘောထားကို ကြီးမြင့်စေနိုင်တယ်
အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ပြီး
ဝမ်းနည်းပူဆွေးမှုတွေကိုလည်း
နှစ်သိမ့်ကျေနပ်စေနိုင်တယ်လေ..

ကိုယ်..သိပ်ကံကောင်းတာပဲ
မင်းလို မိန်းကလေးတစ်ဦး
ကိုယ့်အနီးမှာ ရှိခဲ့ဖူးလို့ပေါ့ ..

မင်းကို ကံကောင်းခြင်းတွေ
ကောင်းမွန်မှုတွေအားလုံးနဲ့ ပြည့်စုံစေချင်လိုက်တာ
သူတစ်ပါးအပေါ်မှာထားတဲ့
မင်းရဲ့ အကြင်နာတွေ၊ မေတ္တာတရားတွေ
မင်းဆီကိုလည်း အမြဲပြန်လည်ရောက်ရှိပြီး
နွေးထွေးလုံခြုံစေချင်လိုက်တာ ..

နှလုံးသားထဲကလာတဲ့ ဖြူစင်တဲ့ဆန္ဒနဲ့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်
"ကြည်နူးချမ်းမြေ့ ပါစေ.."

ညိမ်းညို

-ပို့စကဒ်တစ်ခုက ရုရှကဗျာတစ်ပိုဒ်ကို မှီးပါတယ်။ ရေးသူအမည် မတွေ့ရပါ။

6 comments:

စိုင်းလောဝ်ပိန်း said...

တကယ့်ရိုးရိုးလေး ပါလားဗျ။ ချစ်စရာ ရိုးရိုးလေးကဗျာ။

က+ဗျာ+လှည်း said...

ရိဆစ်ခ် စကေးပြတာလား။ :)

ငါတော့ လွမ်းဖျားလွမ်းနာ မျိုးစုံကျနေတယ်ကွာ။

Unknown said...

ကဗျာလေးကရိုးရိုးလေးနဲ့ ဆန်းနေတယ်.. :)

Pie Min Swe said...

မိုက်တယ်.. ။ ဒီလိုကဗျာလေးတွေက ချစ်စရာကောင်းလွန်းပါတယ်။ ဖတ်နေရင်း ဒီလို ရိုးစင်းပြီးထိမိတဲ့ အရေးအသားတွေကို ရှာဖွေချင်စိတ်တွေ ပေါ်လာမိတယ်။

နွေညို said...

ကိုညိမ်း . . . သွားခွင့်ပြုလိုက်ပြီလားဗျ. . .
ငြိမ်းချမ်းပါတယ်ဗျာ ဒီလိုလေးလဲ...
ဂျီလ်တော့ခ်ပေါ်ကို လာခဲ့ပါအုံးဗျ

သိင်္ဂါကျော် said...

ကဗျာလေးက ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတယ်..
စာသားလေးတွေက အဓိပ္ပါယ်ပြည့်ဝတယ်..