12 September 2009

ကိုင်းဖျားလရိပ်

ဆောင်းအိုရဲ့ နိဂုံးမှာ
နွေဦးက ပြုံးပြုံးလေးဝင်လာပြီ

ညညဆို
လေပူတွေ ဝှေ့လွန်းလို့
ကျောတစ်နေရာစာ
အိပ်မက်ကလေးကို
ရေပြန်ပြန် နူးနေရတယ်

ခြံထောင့်က စံပယ်ရုံလေးမှာ
ရနံ့တွေ အိုင်ထွန်းနေပြီ
ညမွှေးပန်းက လေပြေကိုနမ်းတော့
ပိတောက်တစ်ခက် စိမ်းသွားတယ်
အဲဒါ..
သစ္စာရှိတဲ့ ညပေါ့

ငုဝါတွေရယ်
တမာတွေရယ်
မကြာမကြာ နှာမှုတ်တတ်တဲ့
နွားတင်းကုတ် ကလေးရယ်
လရောင်အကြိုအကြားမှာ
စကားတင်းဆိုနေကြပြီ

ဆိုပါစေလေ
သူတို့နဲ့ မကင်းရာမကင်းကြောင်းမှာမှ
ကိုင်းဖျားကလရိပ်လေးကို မျှော်ငေး
ကိုယ်က ဆွေးခဲ့မိပြီကိုး ..

ခရောင်းလမ်းမှာ
ခြေထောက်ကို ဆီးကြိုတာပဲ
ပတ်ကြားအက်တွေနဲ့လည်း
လိုက်ဖက်ပါတယ်

ဟောသည်မှာ
တရုတ်စကားပင်တွေက
ပင့်သက်ကို သာသာညင်ညင်ချ
ချိတ်ဆွဲထားတဲ့ လရိပ်ကို
ဖြေးဖြေးဖွဖွ တွန်းပို့လို့
ဒဏ်ရာညများစွာကို
မီးစိမ်းပြလိုက်ကြပေါ့ ..

ညိမ်းညို

- ၃၀၊ ၈၊ ၂၀၀၇ တုန်းက တစ်ခါတင်ဖူးတဲ့ ကဗျာဟောင်းတစ်ပုဒ်ပါ။ ကျေးဇူးတင်ပါတယ်။

12 comments:

Unknown said...

ကဗျာဟောင်းပေမဲ့ သစ်လွင်နေဆဲပါ
ကေအို..အိုကေပါစေး)

Unknown said...

ကဗျာလေး ဖတ်ပြီး မယ်တင်ကိုလွမ်းဒယ် :P
ကောင်းသောနေ့ နယ်ရေ :)

စိမ်း... said...

ရွာနံ့ကလေး ရတယ်... ချစ်စရာကဗျာလေးပါ..

mgngal said...

အဲဒီလရိပ်လေးပေါ့ ဟုတ်လား ။ ကိုညိမ်းကို အဖျားတက်စေတာ ။

ငြိမ်းဝေ said...

ဆရာညိမ်း
တခါတုန်းက ကျနော်တို့ ပြောဖူးတယ်။နိုင်ဝင်းဆွေရဲ့
နွေတည ကို ဘလော့မှာတင်ဖို့ ။အခုအဲဒါလုပ်ပေးနိုင်
ဦးမလား။လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ စကြမလား။

ခင်ဗျားလည်း လရောင်အကြောင်းကဗျာရေးတယ်။ခင်ဗျား
ရဲ့ကဗျာလေးကတော့ချစ်စရာလေး..။ကျနော့်ကဗျာကတော့
အရုပ်ဆိုးတယ်။အထူးပြုလုပ်ချက်တွေုများတယ်။လာလည်သွား
ကျေးဇူး..

ငြိမ်းဝေ said...

ဆရာညိမ်း
တခါတုန်းက ကျနော်တို့ ပြောဖူးတယ်။နိုင်ဝင်းဆွေရဲ့
နွေတည ကို ဘလော့မှာတင်ဖို့ ။အခုအဲဒါလုပ်ပေးနိုင်
ဦးမလား။လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ စကြမလား။

ခင်ဗျားလည်း လရောင်အကြောင်းကဗျာရေးတယ်။ခင်ဗျား
ရဲ့ကဗျာလေးကတော့ချစ်စရာလေး..။ကျနော့်ကဗျာကတော့
အရုပ်ဆိုးတယ်။အထူးပြုလုပ်ချက်တွေုများတယ်။လာလည်သွား
ကျေးဇူး..

Eaindra said...

ကဗျာလေးလှလိုက်တာ...

ရောက်တယ်..

ဖတ်ဖတ်ပြေးပြေး....

ခင်ခင်မင်မင်

အိန္ဒြာ

ဖြိုးငယ် said...

အဟောင်းတွေကလည်း ပြန်ဖတ်တိုင်းသစ်လွင် ဆဲပါကွာ ..

Unknown said...

ငုဝါတွေရယ်
တမာတွေရယ်
မကြာမကြာ နှာမှုတ်တက်တဲ့
နွားတင်းကုတ်ကလေးရယ်
လရောင်အကြိုကြားမှာ
စကားတင်းဆိုနေကြပြီ...

လွမ်းနေပါတယ်ဆိုမှ
ကိုညိမ်းရေ...ကျေးဇူးပါဗျို့ အလွမ်းလေးတော့
ပြေသွားသလိုပဲ......................................။

PhotoVigor said...

Good writing..

ShwunMi- said...

အဲ့တုန်းက မီးစိမ်းပြခဲ့တဲ့ ဒဏ်ရာတွေ တစ်နေရာရာမှာ ဂျမ်း ဖြစ်သွားသေးလား .. ;)
ဖြတ်သန်းပြီးလောက်ပြီထင်ပါတယ်လေ..

ကြယ်ပြာ said...

ကဗျာလေးက နူးညံ့တယ် ..