5 September 2009

သို့...ချစ်ခြင်းဖြင့်

သစ်ကိုင်းမှာချိတ်နေတဲ့ လရိပ်လေးရေ
မင်းကြင်နာမှုလေး ‘ကျိုး’ သွားမှာကြောက်လို့
ဆေးလိပ်ကို ကိုယ် ‘ချိုး’ ခဲ့ပါတယ်။

စံပယ်ရုံပေါ်မေးတင်နေတဲ့ နှင်းပွင့်လေးရေ
မင်းသံယောဇဉ်လေး ‘ကွဲ’ သွားမှာကြောက်လို့
အရက်ခွက်ကို ကိုယ် ‘ခွဲ’ ခဲ့ပါတယ်။

လေညင်းနဲ့သားစပ်နေတဲ့ မြေသင်းနံ့လေးရေ
မင်းယုံကြည်မှုတွေ ‘ကြေပျက်’ သွားမှာကြောက်လို့
စရိုက်ဆိုးတွေကို ကိုယ် ‘ချေဖျက်’ ခဲ့ပါတယ်။

ချစ်မြတ်နိုးလွန်းရတဲ့ ကိုယ့်လယ်သူမလေးရေ
ချစ်သူတို့ရဲ့ ရဲရင့်စိတ်နဲ့
ဝေးကွာခြင်းကို ရိတ်သိမ်းစို့ကွယ်။

ညိမ်းညို

15 comments:

Unknown said...

ပြုံးပြုံး လေးဖတ်သွားတယ်..
ကဗျာလေးကချစ်စရာလေး..ရေးတတ်လိုက်တာ
:)

Anonymous said...

ရိတ်သိမ်းချင်တိုင်း ရိတ်သိမ်းလို့ရရင် ကောင်းပါတယ်..

အိုင်လွယ်ပန် said...

လိမ္မာ နေကြောင်းပေါ့ :)

စိမ်း... said...

ကဗျာနူးနူးညံ့ညံ့လေး....

မယ့်ကိုး said...

=)... ကဗျာနုနုလှလှလေး...

Apprenticeship said...

ချစ်ခြင်းကို ရိပ်သိမ်းနိုင်ပါစေကွယ်... သစ္စာတရားနဲ့ ချစ်ခြင်းတွေကို ကဗျာလေးက ပြောပြနေတယ်။

လင်းဒီပ said...

ချစ်သူတွေရဲ့ရဲရင်စိတ်နဲ့ ဝေးကွာခြင်းတွေ ရိတ်သိမ်းနိုင်ပါစေ ညီလေးရေ..။

mgngal said...

အလဲ့ ကိုညိမ်းကလည်း လယ်သူမလေးပဲလား ။ ရိတ်စေဗျား ။ :)

စိုင်းလောဝ်ပိန်း said...

ကောင်းဗျာ။ ကောင်းကြောင်း ပြောစရာ စကားလုံးတောင် ရှားသွားပြီ။ :P

Unknown said...

ဆေးလိပ်ကို ချိုး....
အရက်ခွက်ကို ခွဲ...
စရိုက်ဆိုးတွေ ပြင်လို့....
ဒို့ကိုကြီး...လိမ္မာသွားကြောင်းပေါ့....
သူများတွေပြောသလိုပဲ...“ဟုတ်တယ်..ကဗျာနုနုလှလှလေး"

emayarKhin said...

ကဗျာနုနုရွ၇ွလေးကို
ပွန်းမှာပဲ့မှာစိုးလို့
ဖွဖွလေးဖတ်သွားတယ်........

နွေညို said...

ဟုတ်ပဗျာ ကိုနွေသစ်ပြောသလိုပဲ ဖြစ်ပါစေး)

ငြိမ်းဝေ said...

ဆရာညိမ်းလေး..
ခင်ဗျားတို့ ကို မနာလိုလို့  ကျနော် ကဗျာတပုဒ်ထပ်ပြီးရေးမိပြန်ပြီ။ကဗျာဘလော့တွေအားလုံးဟာကျနော့်အတွက်တကယ့်ကိုအားဆေးတေ
ပါပဲ..

မင်းကျန်စစ်။ said...

သြော်.... ဒါ့ကြောင့် ဆြာညိမ်း လိမ္မာသွားတာကိုးးးး
၁၃ ရက်နေ့ကျရင် ခင်များကို တခွက်တော့ မရမက တိုက်အုံးမယ်ဗျာ။ :P
TGRmg

လွမ်းသုရင် said...

ကဗျာဆရာ အရေးအသားတွေက သိပ်သိမ်မွေ့တယ် ပြောရမလားပဲ။
ရိုးရိုးရှင်းရှင်းလေး၊ ချစ်စရာလေးဖြစ်အောင် ရေးတတ်တယ်နော်