19 June 2009

မြစ်ချို

သစ်တစ်ပင် တောတစ်အုပ်
မျိုးစေ့ထုပ်မှာ သိမ်းမြုပ်တယ်။

လှံတစ်စင်း ဓားတစ်လက်
ပေခုံထက်မှာ သိုဝှက်တယ်။

စာတစ်လုံး ဆေးတစ်စက်
ရင်မြေထက်မှာ ကြဲပက်တယ်။

ပျိုမြစ်အားသစ် ချစ်ခြင်းမေတ္တာ
စာနာဖေးမ ပရမြစ်တစ်စင်း
ကဗျာအလင်းမှာ စီးဝင်တယ်။

ညိမ်းညို

10 comments:

Unknown said...

ကဗျာဆရာရေ
မြစ်ချိုတစ်စင်းကို သောက်သုံးသွားပါကြောင်း..
ကေအို အိုကေပါစေ :)

လင်းဒီပ said...

ချစ်ခြင်းတွေင်္စီးဝင်နေတဲ့ အလင်္ကာမြစ်ချိုတစ်စင်း အားကောင်းမောင်းသန် စီးပါစေ...။

အိုင်လွယ်ပန် said...

ဆက်လက်ပြီးချိုမြစွာစီးဝင်နိုင်ပါစေဗျာ ...

ကြယ်ပြာ said...

စကားလုံးအသုံးလေးတွေ အရမ်းသဘောကျတယ် ...

Mogok Thar said...

မြစ်ချို
ထာဝရ ကြည်လင်ပျော်ရွှင်စွာ စီးဆင်းနိုင်ပါစေ

ဖြိုးငယ် said...

ကဗျာအလင်းမှာ စီးဝင်တဲ့ မြစ်တစ်စင်း
ထာဝရ စီးဆင်းနိုင်ပါစေဗျာ

နွေညို said...

ထာဝရချိုတဲ့ မြစ်တစ်စင်းဖြစ်ပါစေဗျာ . . .

Apprenticeship said...
This comment has been removed by the author.
Apprenticeship said...

အော်...အေးချမ်းတဲ့ အချစ်ကို ပိုင်ဆိုင်ရင်တော့ မြစ်ချိုပေါ့...။ ထာဝရသောက်သုံး နိုင်ပါစေ..။

Mhu Darye said...

အသေအချာ ပြန်လာ ငေးဖြစ်တယ် မြစ်ချို...ကိုး)