7 April 2009

Carry On

ဖြစ်ခဲ့တယ် ပျက်ခဲ့တယ်
နွေ ၂၄
မိုး ၂၄
ဆောင်း ၂၄၊

ဖြစ်ဦးမယ် ပျက်ဦးမယ်
နွေဘယ်လောက်
မိုးဘယ်လောက်
ဆောင်းဘယ်လောက်၊

ကိုယ့်လမ်းကိုယ်ထမ်း
ကဗျာတွေဖမ်းရင်း
အသက်ပန်းကို နမ်းရှိုက်လိုက်ရုံပါပဲ။

ညိမ်းညို

13 comments:

သက်ထွန်းညိမ်း said...

ကဲ ကိုညိမ်းညို
ကိုယ့်လမ်းကိုယ်ထမ်း
ကဗျာတွေဖမ်းရင်း
အသက်ပန်းကို နမ်းရှိုက်လိုက်ရအောင်ဗျာ...

Phyo Maw said...

ဖြစ်ဦးမယ် ပျက်ဦးမယ်

ဖတ်သွားတယ် မန့်သွားတယ်။

ဘာရယ်တော့ မဟုတ်ဘူး မမြဲတာလေး တွေးမိသေး...။

လင်းဒီပ said...

ဆက်လျှောက်ပါညီလေး...
ကိုယ့်လမ်းကိုယ်ထမ်း
ကဗျာတွေဖမ်းရင်း
အသက်ပန်းတွေ နမ်းရှိုက်နိုင်ပါစေကွာ..။

Unknown said...

ဖတ်မိတယ် ကဗျာတွေ ခုတလော ကဗျာတွေ နွေလိုပူတယ်
ကောင်းသောနေ့ပါနယ် :)

Apprenticeship said...

အင်း အသက်ပန်းကြီးတော့ ခုံမင်စွာနာမ်းနေရအုံးမှာပဲ... ကဗျာ ဆရာ အဆင်ပြေပါစေ...ဗျို့

Mogok Thar said...

ဖြစ်ခြင်း ပျက်ခြင်းတွေက ဘ၀ကို သက်ဝင် လှုပ်ရှားစေတာပေါ့ ညီညိမ်းရေ။ ဖကိတွယ်မိတာတွေ ရှိရဲ့။ စွန့်ခွာချင်တာတွေလဲ ရှိရဲ့။ ပျော်ရွှင်ပါစေဗျာ။

ဆောင်းယွန်းလ said...

ဆက်ထမ်း ဆက်ဖမ်း ဆက်နမ်းပြီး ဆက်လျှောက်

အိုင်လွယ်ပန် said...

မွေးနေ့လားဗျ :P

ရနံ့မှာ သက်ဝင်မိမှတော့
ကိုညိမ်းရေ ...


ကဗျာရနံ့ကို အသက်ပန်းနဲ့ထပ်တူ
ရှိုက်နမ်းကြဦးစို့ရဲ့ .........

မသက်ဇင် said...

ကဗျာဖတ်ရင်း--သံဝေဂ ရသလိုပါပဲ---
ငိုချင်သလိုလို--ဆွေးသလိုလို--
သံသရာ--ခရီးက--ရှည်လွန်းပါတယ်လေ--
ကဗျာပန်းတွေကို--နမ်းရှိုက်ရင်း
ဆက်လျှောက်ပေအုံးတော့--ကဗျာဆရာ -ရေ--

Unknown said...

ကဗျာဆရာ..Carry On .. :D

ရွှန်းမီ said...

ဟုတ်..
သိပ်ကောင်းတဲ့ ကဗျာတိုလေးတွက် ကျေးဇူး . .

SoeMoe said...

ကဗျာတွေဖမ်းရင်း
အသက်ပန်းကို နမ်းရှိုက်လိုက်ရအောင်..
အရာအားလုံးတည်မြဲခြင်းမရှိဘူးလေ..။

ဖြိုးငယ် said...

ဒါလည်းမိုက်တယ် .. ကဗျာအတွေးတွေ ဘယ်လိုများရလဲမသိပါဘူးဗျာ