11 April 2009

ရီရတယ်

ရီရတယ်
ကျွန်းပင်တွေကို ခြေထောက်ရိုက်ချိုးပြီး
ကမ္ဘာကြီး စိမ်းလန်းစိုပြေရေး ဘာညာဘာညာ၊

ရီရတယ်
လက်နှစ်ဖက်လုံးကို နောက်ပြန်ကြိုးတုပ်စေပြီး
ကြိုးဝိုင်းပေါ်မှာ ဆုံကြတာပေါ့ ဘာညာဘာညာ၊

ရီရတယ်
သူ့နားထင်ကိုယ့်နားထင် သေနတ်နဲ့တေ့တေ့ပြီး
ငြိမ်းချမ်းရေးစကားဆိုမယ် ဘာညာဘာညာ၊

ရီရတယ်
လုံခြုံရေးအကြောင်းပြု သံသယမျက်မှန်ကြီး တပ်တပ်ပြီး
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် ဘာညာဘာညာ၊

ရီရတယ်
ကိုယ့်ဆွေမှကိုယ့်မျိုး သာသာထိုးထိုးလေး ပွဲထုတ်တတ်ပြီး
ဂြိုလ်ကြီးကိုးလုံး တက်ခူးဦးမယ် ဘာညာဘာညာ၊

ရီရတယ်
ထိန်းသိမ်းကာကွယ်ပါ့မယ် မန္တာန်ကို အထပ်ထပ်ရွတ်ဖတ်ပြီး
ပဲကြီးလှော်နဲ့ လဲစားပစ်လိုက်တယ် ဘာညာဘာညာ

ရီရတယ်
ဆပ်ပြာပူပေါင်းလေးများလို ခပ်ပါးပါး အဆက်မပြတ်လွှင့်ထုတ်ပြီး
အနုပညာအတွက် ခါးတောင်ကျိုက်ထားတယ် ဘာညာဘာညာ၊

ရီရတယ်
ဝေးဝေးကန်ဝေးဝေးရောက် တစ်ပွဲတိုးကန်ချက်တွေ ပစ်ပစ်သွင်းပြီး
မဝေးတော့တဲ့ အနာဂတ်မှာ....ဘာညာဘာညာ၊

ရီရတယ်
လိုသလောက် ချေးခြောက်လေးကို လိုသလောက် ရေပြန်ပြန်နှူးပြီး
စိုသောလက်မခြောက်စေဖို့ ဘာညာဘာညာ၊

ရီရတယ်
"တရားနှင့်ဓား အားနှစ်အားတွင် တရားကိုချစ် ဓားကိုပစ်အံ့" ဆိုပြီး
အာခီလက်လို ဓားခုတ်ကျင့်နေတယ် ဘာညာဘာညာ၊

ရီရတယ်
မုဆိုးကျော်ကြီးတွေ ဆင်ဖမ်းမယ်ကျားဖမ်းမယ် တောထဲဝင်သွားပြီး
ဟင်းရွက်ကန်စွန်းတွေ ခူးခူးလာတယ် ဘာညာဘာညာ၊

ရီရတယ်
သီလမကျိုးအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး
ကန်တော့ခံအရက်ပုလင်းကို လူကြုံနဲ့မှာလိုက်တယ် ဘာညာဘာညာ၊

ရီရတယ်
ချူတံတွေ၊ ကရိန်းတွေကို ခပ်ဝေးဝေးလွှင့်ပစ်ပြီး
အဖျားကအသီး မမှီရုံနဲ့ ပင်စည်ကိုခုတ်ပစ်လိုက်တယ် ဘာညာဘာညာ၊

ရီရတယ်
ကိုယ့်သားလေးခြေထောက်မှာ ဖိနပ်မရှိတာကို ပစ်ထားပြီး
ကမ္ဘာကျော်ဘောလုံးသမားကို ရွှေဖိနပ်ဆုချလိုက်တယ် ဘာညာဘာညာ၊

ရီရတယ်
အားလုံးကိုတန်းတူလေးစားပါကြောင်း သက်သေစပိတွေ အမြန်နှုန်းတင်တင်ပြီး
နိမ့်နေတဲ့မြေကွက်လေးကိုမှ ရွေးရွေးပြီးလှံစိုက်သွားတယ် ဘာညာဘာညာ၊

ရီရတယ်
သဒ္ဓါတရားဓားမြှောင်ကို မြိနေအောင် သွေးထားပါတယ်ဆိုပြီး
ကွမ်းကလေး ဆေးကလေးကို ခါးပုံစထဲ ထည့်လိပ်ထားတတ်တယ် ဘာညာဘာညာ၊

ရီရတယ်
ကမ္ဘာကြီးကို ခါးစောင်းတင်မယ်ဆိုပြီး
ထိုင်ရာက အထခက်နေတဲ့ ကဗျာဆရာ၊

ရီရတယ်
ညိမ်းညိုဆိုတဲ့ ငနဲကလည်း
အက္ခရာလေး ၃၃လုံးနဲ့
ကဗျာတွေက ဘာညာဘာညာ။

ညိမ်းညို

21 comments:

Unknown said...

ရီရတယ် ကဗျာဆရာကလည်း ဟိုပြောဒီပြော ဘာညာသရကာ နေကြာကွာစိ :P

လင်းဒီပ said...

ရီရတယ်ညီလေးရယ်...
အဲဒီနေ့စဉ်ဘဝကြီးကို ထိုင်ထိုင်ရီနေရင်းက မောတယ်ပေါ့
ကိုယ့်ကိုကိုယ် ဘာညာဘာညာ..
အစ်ကိုလည်း ရီရတယ်..

မယ့်ကိုး said...

ရယ်ရတယ်တဲ့လား။
ဒီကဗျာလေးဖတ်ပြီး မောသွားတယ်။
လူ့ ဘဝမှာ ရယ်မောလို့ သာ။

အိန္ဒြာ said...

ကောင်းလိုက်တဲ့ ကဗျာညိမ်းညို...

အင်း...

ရယ်ပစ်လိုက်တာက....

နည်းနည်းတော့ သက်သာသွားတာပေါ့...

အိန္ဒြာ

MANORHARY said...

ရီရတယ်
ကဗျာလာဖတ်သူတွေကလည်း
ဗျည်းနဲ့သရတွေရောကာ ဘာညာဘာညာ....
.........

Julian said...

ဒီစာစုလေးကို သဘောကျတယ်..... တကယ်....


ဂျူ

ourstream said...

ရီရတယ်လို့ ပြောပေလို့ စိတ်လေးလေးနဲ့ရယ်သွားပါတယ်...။

သက်ထွန်းညိမ်း said...

ဟားဟားဟားဟား
လုပ်ပုံလုပ်ပုံး)း)

အိုင်လွယ်ပန် said...

ဟုတ်သဗျို့ :)

မသက်ဇင် said...

ရီရတယ်
ညိမ်းညိုဆိုတဲ့ ငနဲကလည်း
အက္ခရာလေး ၃၃လုံးနဲ့
ကဗျာတွေက ဘာညာဘာညာ။

ကဗျာဆရာညိမ်းညို--ကဗျာတွေကတော့လေ---
ထူးခြားပါပေ့-----
အတွေးတွေ--ပွားသွားပါတယ်--
စကားမစပ်--ပျောက်စေ--ဆရာတို့--
ဘိုးတော်တို့အကြောင်း ကဗျာတပုဒ်လောက်
ရေးပါအုံး---ကျမလည်းပိုစ့်တင်ပါအုံးမယ်--

Kaung Kin Ko said...

ကဗျာလေး မိုက်တယ် ညီရေ။

mgngal said...

ရီရအောင် ရီစရာတွေ ရေးနေပြန်ပြီ ကိုညိမ်းကတော့ ။ နို ..့ ကဗျာလေးတော့ တော်တော် သဘောကျသဗျ ။း)

ဖြိုးငယ် said...

ဟုတ်လှချည်လား ငါ့ဆရာ .. အဲဒါကြောင့်လည်း နာမည်ကြီးပြီး လူကြိုက်များတာ .. ကဗျာတွေကိုပြောတာနော် .. မြောက်နေမှာဆိုးလို့ ..:P

SoeMoe said...

အစ်ကို..၁၈ ခါ ရီသွားတယ်နော် :D

ကဗျာဦး said...

ကဗျာတွေအတော်ကောင်းပါတယ်

ဇနိ said...

ညီလေး အခုမှ ဖတ်မိတယ်..
ထိထိမိမိ ဘာညာဘာညား))

emayarKhin said...

အကိုရေ..တကယ်ရီရတယ်.....

pandora said...

ရီရတယ်
ရီရတဲ့ ဘာညာဘာညာတွေကို နောက်ကျမှ လာဖတ်ပြီး ရီသွားသတဲ့

Unknown said...

ငါတော့ ကဗျာဖတ်ပြီး မရီနိုင်...။

ဏီမိုးz said...

မျက်ရည်ထွက်အောင် ရီသွားပါတယ်၊ဓါးကမြိနေတာပဲ ထိလို့ကို မရဘူးထင်တယ်၊ ကိုယ်လည်းအမြီးမှာ အမဲရိုးချည်ထားတယ် ဘာညာ ဘာညာ

Anonymous said...

ရင်ထဲမှာ ဘာညာ ဘယ်ညာ မရီရပါဘူး ကဗျာက ဒီလောက်ကောင်းနေတာ ။