7 April 2009

နွေနေ့များ

ကားများ မုတ်ဆိတ်များ
လှိမ့်လှိမ့်ပြီး ၀င်လာ
ဟွန်းသံများ ယားယံခြင်းများ
ပွက်ပွက်ပြီး အန်လာ
စတိုးဆိုင်ကြီးတွေက
ဖက်ရှင်ကို သစ်သီးလိုကိုက်စားပြီး
သစ်သီးများက ဖက်ရှင်လို အဆန်းတကြယ်
လမ်းတွေက အဆုံးမရှိတာလား
အဆုံးမရှိတာက လမ်းတွေလား
တနံတလျားကြီး ငေး....လိုက်ရတာ
နေပူကြီးထဲ မုန့်လက်ဆောင်းသောက်ရသလို
ဝမ်းအေးဖို့ ကျောပူခံရခြင်းများ၊

ပင်စည်အောက်
မီးထတောက်မဲ့ စမ်းချောင်းလေး
ကိုယ့်လက်ဖျံကိုယ် ခေါင်းအုံးလို့
ခပ်မဆိတ် နေတတ်ခဲ့ပါရဲ့
သူတို့ အိပ်မက်တွေအပေါ်
ရွရွကလေး ဖြတ်ပျံသွားတဲ့
ဘုရားစူးရစေ့ နွေနေ့များ။

ညိမ်းညို

10 comments:

ကိုရင်ညိန်း said...

1st comment ပိုင်ရှင်လေးမတွေ့ပါလားဗျ ။
အဟေးဟေး

တင့်ထူးရွှေ said...

ကျွန်တော်လဲ အဲဒါပဲ ပြောမလို့ဗျာ :-)
ကဗျာအသစ်တစ်ပုဒ် ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါဗျာ ။

Mogok Thar said...

နေီနေ့ခင်းက ပူပြင်းလှချည်လားဗျာ။ မုန့်လက်ဆောင်းလေး သောက်သွားပါတယ်

Unknown said...

နယ်ရေ ဖတ်ရတာလေးတမျိုးပဲ :)
နွေဖွဲ့လေးက ပူလောင်လွန်းလှချည့် ကောင်းသောနေ့ပါ နယ်ရေ :)

Apprenticeship said...

ဟုတ်ပါ့ ကိုရင်ညိန်းပြောမှ သတိထားမိတယ်.... အဆင်ပြေပါစေဗျို့

Unknown said...

ကဗျာဆရာရေ ..ကဗျာဆရာကဗျာတွေထက် ကဗျာဆရြ
ကို ပိုစိတ်ဝင်စားနေပါလား :P
(သြော် man တွေလည်းစပ်စုတတ်ကြပါလား ) :D

Unknown said...

နွေနေ့ တွေကပူပြင်းလှပါတယ်...
အရိပ်ကောင်းကောင်းလေးမှာအနားယူရင် ကိုစပ်စုတို့  ကိုပြောလိုက်ပါအုံး အားလုံးအဆင်ပြေပါတယ်လို့ 

SoeMoe said...

အေးချမ်းပါစေ အစ်ကိုရေ..

Unknown said...

စပ်စုတာ မဟုတ်ပါဘူး မကေရယ် ၊ အဲလိုပဲ မြင်နေကြဖြစ်နေတော့ ၊ ၂ ယောက် စိတ်ကောက် နေသလားလို့ပါ ၊ အထင်မလွဲလိုက်ပါနဲ့ :P

ဖြိုးငယ် said...

နိပ်ဟ .. ကဲ ကိုရင်ညိန်းတို့ရေ ဘိုတင့်တို့ရေ.. မှတ်ပလား ။
ခုတော့ ပြောခံရပြီလေ ..:P
သွားမလုပ်နဲ့ .. အဲဒီကဗျာဆရာက ဗလရှိတယ် ..
ဇ ရှိတယ် .. နောက်ပြီး .... လည်းရှိသေးတယ်