5 March 2009

စိတ်ကြိုးနှစ်စ

သရုပ်ဖော်- Soe San Win (စာပန်းချီ)


စိတ်ကြိုးနှစ်စ


ဒီလိုချည်နှောင်မိပြီ ဆိုတဲ့နောက်
ဝေးကွာခြင်း တစ္ဆေတစ်ကောင်ကို
ငါတို့သစ္စာတရားနဲ့ မန်းမှုတ်ခြွေသတ်ထားကြစို့ရဲ့

သံယောဇဉ်မြစ်ညှာက ညှို့တက်လာမဲ့ မိုးတွေ
ရေခြားမြေခြားနေသည့်တိုင်
ငါတို့ရဲ့ ခိုကိုးရာတိုင်းမှာ
လက်လက်စိုအောင် ရွာချလိမ့်မယ်

တစ်ယောက်ကိုတစ်ယောက်
ယုံကြည်ဖို့ မပြောဆိုကြတော့ဘူး
ယုံကြည်အောင်နေပြကြတဲ့ ချစ်သူနှစ်ဦးကြားမှာ
ဘယ်လို ရာသီဆိုးတွေကိုပဲ ဖြတ်သန်းနေရ,နေရ
အဖျားအနာ ကင်းရှင်းနေမှာပါကွယ်

ငါတို့ ခိုလှုံတဲ့ ချစ်ခြင်းရဲ့ရင်ငွေ့ဟာ
ဘာအရောင်မှ ခြယ်သ,မထားတဲ့
အဖြူရောင် ကင်းဘတ်စ တစ်ချပ်ပါ ချစ်သူရယ်..

"ချစ်တယ်" ဆိုတဲ့ အက္ခရာလေးနှစ်လုံးကို
( မြူနှင်းတို့ ဝေ့၀ဲလို့ ကျမလာမီ..)
ငါတို့ လေးလေးနက်နက် ရေးခြစ်ထားကြပါစို့

ညိမ်းညို

20 comments:

Unknown said...

"ချစ်တယ်" ဆိုတဲ့ အက္ခရာလေးနှစ်လုံးကို ထာဝရ ရေးထိုးထားနိုင်ပါစေနော် :) :)

ATN said...

ကောင်းလိုက်တဲ့ အချစ်ကဗျာလေးပါပဲ...
သရုပ်ဖော်ပုံလေးလည်း ကောင်းတယ်...

emayarKhin said...

တစ်ယောက်ကိုတစ်ယောက်
ယုံကြည်ဖို့ မပြောဆိုကြတော့ဘူး
ယုံကြည်အောင်နေပြကြတဲ့ ချစ်သူနှစ်ဦးကြားမှာ
ဘယ်လို ရာသီဆိုးတွေကိုပဲ ဖြတ်သန်းနေရ,နေရ
အဖျားအနာ ကင်းရှင်းနေမှာပါကွယ်။
အကိုရေ..အရမ်းကောင်းတယ်ဗျို့...အထက်ကစာ
သားလေးကတော့တကယ့်ကိုဟတ်ထိစေပါတယ်။

ရွှန်းမီ said...

ကဗျာရော ပန်းချီရော လေးနက်တယ်။

Mhu Darye said...

တစ်ယောက်ကိုတစ်ယောက်
ယုံကြည်ဖို့ မပြောဆိုကြတော့ဘူး
ယုံကြည်အောင်နေပြကြတဲ့ ချစ်သူနှစ်ဦးကြားမှာ
ဘယ်လို ရာသီဆိုးတွေကိုပဲ ဖြတ်သန်းနေရ,နေရ
အဖျားအနာ ကင်းရှင်းနေမှာပါကွယ်...အမရာလိုပဲ..ဒီအဖွဲ့ လေးကို အကြိုက်ဆုံးး !
စာပန်းချီလေးလည်း ခိုက်တယ်။

MANORHARY said...

မိုက်တယ်
စာသားတွေအားလုံး...

လင်းဒီပ said...

အလဲ့..ငါညီလေး အတော်ချစ်တတ်နေပါလား..

အခုနောက်ပိုင်း သရုပ်ဖော်ပုံလေးတွေနဲ့ တစ်မျိုးဆန်းသစ်လာတယ်..ကောင်းတယ်..

အိုင်လွယ်ပန် said...

မကေက အချစ်ကဗျာ သန့်သန့်လေးတွေကြိုက်တယ်ဆို
တာ သေချာသဘောပေါက်သွားပြီကိုညိမ်းရေ :p

mgngal said...

နုလှချည်လား ကိုညိမ်း ။ ဘယ်လို ခွန်အားတွေများရနေသလဲ မသိ ။ ကောင်းတယ်ဆိုတာထက်ကောင်းပါတယ်။ လွှတ်တာရေး ကိုညိမ်းရေ ။ ဖတ်ရတာ အရသာရှိသဗျ ။

Unknown said...

နယ်ရေ ကဗျာလေးက နုရွလို့ ကြိုးလေးနှစ်ချောင်းကို
ဖွဖွလေး တို့ထိသွားတယ် ကောင်းသောနေ့နယ် :)

တင့်ထူးရွှေ said...

ချစ်တတ်လိုက်ကြတာ :P
စာပန်းချီအတွဲ(၂) ထွက်ကတည်းက ကြိုက်ခဲ့တဲ့ ကဗျာလေး :)

Apprenticeship said...

ကဗျာလေး အရမ်းလှတယ်ကွား။

SoeMoe said...

ကဗျာလေးရော ကဗျာခေါင်းစဉ်လေးရော အရမ်းကောင်း
အဖျားအနာတွေကင်းရှင်းပါစေ ။

Anonymous said...

ခ ခွေရပင့် စသတ်ချစ် တ၀င်ပူရေ့ ယသသတ်တယ်း) ၀ိုင်းချစ်သွားတယ် ။

လုလင်ငယ်သွေး said...

အချစ်ကဗျာလေးတွေ ရေးချင်နေတာ လာဖတ်ပြီး ဈာန်သွင်းသွားပါတယ်။ ကောင်းတယ်ဗျာ။ အချစ်ကဗျာတွေကျတော့ ကျွန်တော်က မကျွမ်းဘူးဗျ။ ချီးကျူးပါတယ်။ congratulation!

ein said...

စိတ်ကြိုးနှစ်စ မြဲမြံစွာ ချည်နှောင်ထားနိုင်ပါစေ...
အားပေးလျှက်ပါ...

မသက်ဇင် said...

ခံစားမှု ရင်ခုန်သံကို စိတ်ကူးရုပ်ပုံလွှာနဲ့ ဖွဲ့စည်း
ဖော်ပြခြင်းဟာ --ကဗျာ--
ခံစားမှု ရင်ခုန်သံဆိုတာ---
ကဗျာရေးဖွဲ့သူရဲ့ ကိုယ်ရေးကိုယ်တာ--
ခံစားမှုလား--
ခေတ်ရဲ့ ခံစားမှုလား--
လူထုခံစားမှုလား---
ခံစားမှုက အမျိုးမျိုး--
ကဗျာထဲမှာ ဖေါ်ပြထားတဲ့--အကြောင်းအရာ---
Content တွေ ဖြစ်လာပါတယ်--
ကဗျာကောင်းတွေပါပဲ--

Layma said...

ပုံရော.. ကဗျာရော... အဓိပ္ပါယ်ရော.. ရှယ်ပဲ...။ကြိုက်တယ်..။

ရိုးမြင့်အောင် said...

အကုန်လုံး ကြိုက်တယ်... ရေးတဲ့သူမပါ... ။ :D

ဖြိုးငယ် said...

မြူနှင်းတွေကျမလာခင် အမှီသာရေးထားပေတော့ ကိုယ့်ဆရာရေ ...ချစ်သူနှစ်ဦး ထာဝရ အဆင်ပြေပါစေဗျာ ..