24 February 2009

တောင်ယာ

သရုပ်ဖော်- Aye Nyein Phyu (စာပန်းချီ)

တောင်ယာ

နွေမှာ ကွပ်မျက်ခြင်းခံထားရတော့
မိုးဦးကျတာတောင်
စိမ်းလန်းစိုပြည်ခွင့် မရှိရှာဘူး
နေ့နေ့ ညည
တောင်ယာဟာ ကိုယ့်အဆင်တန်ဆာနဲ့ကိုယ်
လောင်မီးကျလို့
စီမံစိုက်ပျိုးသမျှ သီးပွင့်ဝေဆာမှုတွေနဲ့
ရိုးရိုးသားသား တုံ့ ပြန်လို့
ဒီလိုနဲ့ ..
ရိတ်သိမ်းသွားကြပြန်ပေါ့
အောင်ပွဲတွေ ဘာတွေခံလို့
တောင်ယာမှာသာ
သုံးနှစ်သုံးမိုး မျိုးတုံးလို့ ကျန်ရစ်ခဲ့တယ် ။

ညိမ်းညို

- ကဗျာ အဟောင်းပါ။ ၁၆၊ သြဂုတ်၊ ၂၀၀၇ တုန်းက တင်ခဲ့ဖူးပါတယ်။

13 comments:

Unknown said...

တကယ်ကိုအဓိပ္ပါယ်တွေနဲ့ ပြည့်စုံတဲကဗျာလေးပါ.. .ကဗျာဆရာရေကဗျာကောင်းလေးပြန်ဖတ်ရလို့ ကျေးဇူး
နော်.. :)

Anonymous said...

တောင်ယာထဲက အသီးပွင့်တွေကို လာကြည့်သွားတယ် အစ်ကို ။မဖတ်ရသေးတဲ့ အဟောင်းကလည်း သစ်သွားတာပဲ ကျေးဇူးပါ။

အိုင်လွယ်ပန် said...

အောင်ပွဲတွေပါတွေခံလို့
တောင်ယာမှာသာ
သုံးနှစ်သုံးမိုး မျိုးတုံးလို့ ကျန်ရစ်ခဲ့တယ် ...

ရင်နင့်စရာကဗျာလေးပါပဲဗျာ ...

ရွှန်းမီ said...

ဖတ်ရင်းနဲ့ တောင်ယာကို သနားသွားမိတယ်။
ပြန်လည်စိုပြည်နိုင်ပါစေ။

ရိုးမြင့်အောင် said...

အခု သရုပ်ဖော်ပုံနဲ့ ဆိုတော့ တော်တော် ရွားတယ်ကွ... ကဗျာလည်းကောင်း သရုပ်ဖော်လည်း ကောင်းပဲ။ ဂွတ်ထ..။

လင်းဒီပ said...

အခုမှဖတ်ဖူးတာ ညီလေးရေ...
တောင်ယာဘဝက သနားစရာ..

Unknown said...

နယ်ရေ တောင်ယာကို မီးလာရှိုတာဗျ ဟီးးး
လွမ်းလိုက်တာနယ်ရာ ညီတို့မြို့က တောင်စောင်းညိုတွေလေ မီးလောင်ပြီးစမြင်ကွင်းတွေ တရိပ်ရိပ်ပဲ လွမ်းဖျားလွမ်းနာကျအောင်လုပ်လုပ်နေရော့သလားနယ်ရေ
တရားခံဖြစ်တော့မယ်နော အိမ်ပြန်ပြေးချင်စိတ်ပေါက်လာရင်တော့ :P
ကောင်းသောနေ့နယ် :)

emayarKhin said...

ကဗျာကောင်းလေးကိုဖတ်သွားတယ်....

mgngal said...

အဟောင်းလေးကို အသစ်ပြန်လုပ်သွားတယ် ကိုညိမ်း ။ ကဗျာကောင်းတစ်ပုဒ်အတွက် ကျေးဇူး ။ တောင်ယာ တဲ့လားဗျာ ။

Eduking said...

ပေးဆပ်ကြတာပေါ့.. ဟုတ်တယ်နော် ကိုညိမ်း..း)

SoeMoe said...

ကဗျာလာဖတ်ဖြစ်တယ်အစ်ကို အဆင်ပြေပါစေ

သက်ထွန်းညိမ်း said...

ဆရာခါးကတော့ ပြောခဲ့တယ် ကိုညိမ်းရ
ကဗျာဆရာတွေ ကျေးလက်ကိုလာရင်
အချည်းအနှီးမဖြစ်ဘူးတဲ့ တန်ဖိုးမမဲ့ဘူးတဲ့ဗျ
...
ဒီတောင်ယာမှာ တွေ့ရပါပေ့ဗျာ

Layma said...

ဂိုဏ်းတူတော့ အဟောင်းလေး ပြန်တင်တာချင်းလဲ တူသပေါ့..။