17 February 2009

လွမ်းတယ်

သစ်တောစိမ်းစိမ်းတွေရယ်
စမ်းချောင်းလေးရယ်
ကျနော့်အိပ်မက်တို့
ယိမ်းထိုးဆိုက်ကပ်လေ့ရှိရာ
အမေ့ရဲ့ ဆိပ်ကမ်းငယ်လေးရယ်၊

စွန်တန် ပူပူရယ်
ငရုတ်သီးစပ်စပ် ပဲပုပ်ထောင်းနဲ့
တောဝက်သားခြောက်ရယ်
တောပန်းလေးတွေနဲ့အပြိုင်
လှိုက်လှိုက်လှဲလှဲ
ဖူးပွင့်နေတတ်တဲ့ ရွာကလေးရယ်
ရွာအ၀င်တောင်ကမူအောက်က
ဝါးဒလျှောက် ရေချိုးဆိပ်လေးရယ်
တောရဲ့ ဂီတကိုဖန်ဆင်းတတ်တဲ့
ကျွဲခလောက်သံ သာသာရယ်
ဧည့်စိမ်းလူစိမ်းတွေကို
ဆွေမျိုးရင်းချာလို နွေးထွေးသွားစေတဲ့
ခေါင်ရည်ချိုမြရယ်
ဆောင်းတွင်း မီးလင်းဖိုနံဘေး
ခေါပုတ်ကင် နွေးနွေးရယ်
အရွယ်ရောက်စ ကျမ်းစာသင်ကျောင်းလေးနဲ့
ကြီးကောင်ဝင်စ မူလတန်းကျောင်းပျိုလေးရယ်
တောင်ပေါ်မြူနှင်းကြား
စကားတွေ တွတ်ထိုးနေတတ်တဲ့
သီးနှံစိုက်ခင်း အဆင့်ဆင့်ရယ်
မြေစေးနီနီ အိမ်ကလေးတွေကြား
ဍ္ဍရင်ကောက်ပင် ပြိုးပြောက်မယ်
ငှက်ကလေးတွေ အစာကောက်နေပုံရယ်၊

ဟိုး အဝေးတစ်နေရာဆီက
တောင်ယာတဲကလေး
မီးခိုးနံ့တသင်းသင်း
လေပြေ တစ်ညင်းညင်း၊

အမေက
ကျောက်တုံးကျောက်ခက်တွေကြား
လျှိုမြောင်ချိုင့်ဝှမ်းတွေကြား
မီးလောင်ပြင် သစ်ငုတ်သစ်ဆုံတွေကြား
စပါးစေ့လေးတွေကို ဆူးထိုးစိုက်ပျိုးနေမှာ၊

အမေ့သား သင်္ဘောလေးက
အမြဲတစေ ဆိပ်ကမ်းနဲ့ ဝေးကွာခဲ့ရာ။

16 comments:

Unknown said...

စွန်တန် ပူပူလေးရယ်
ငရုတ်သီးစပ်စပ် ပဲပုပ်ထောင်းနဲ့
တောဝက်သားခြောက်ရယ်..
ဟီးစားတောင်စားချင်လာပီ..
ကဗျာဆရာကတော့စားကောင်းမဲ့ အစီအစဉ်တွေကိုကဗျာထဲ ထည့်စပ်နေတယ်..
ခေါပုတ်ကင် နွေးနွေးလေးရယ်
တဲ့ ..အမေ့သား သင်္ဘောလေးက
ဆိပ်ကမ်းကပ်ခွင့်ကြုံတော့မှာပါ
အားတင်းထားနော်
အားပေးလျှက်ပါ :)

Unknown said...

စွန်တန် ပူပူလေးရယ်
ငရုတ်သီးစပ်စပ် ပဲပုပ်ထောင်းနဲ့
တောဝက်သားခြောက်ရယ်..
ဟီးစားတောင်စားချင်လာပီ..
ကဗျာဆရာကတော့စားကောင်းမဲ့ အစီအစဉ်တွေကိုကဗျာထဲ ထည့်စပ်နေတယ်..
ခေါပုတ်ကင် နွေးနွေးလေးရယ်
တဲ့ ..အမေ့သား သင်္ဘောလေးက
ဆိပ်ကမ်းကပ်ခွင့်ကြုံတော့မှာပါ
အားတင်းထားနော်
အားပေးလျှက်ပါ :)

စိုင်းလောဝ်ပိန်း said...

ကိုညိမ်းညိုရေ...

ကျနော်ပါရော လွမ်းသွားတယ်ဗျာ
ှကဗျာလေးအတော်ကောင်းတယ်
အားပေးလျှက်ပါဗျာ

စိုင်းလောဝ်ပိန်း

Unknown said...

နယ်ရေ အိမ်ပြန်ချင်အောင်ကိုလုပ်နေပါ့လား :(
လွမ်းတယ် လွမ်းတယ် လွမ်းကိုလွမ်းသွားတယ်နယ်ရေ ...
ကောင်းသောနေ့ နယ် :)

လင်းဒီပ said...

လွမ်းအောင် ရေးနိုင်တဲ့ညီလေးရေ မင်္ဂလာပါ...
အရမ်းကြိုက်တယ်..
အစ်ကို ကူးသွားတယ်...

mgngal said...

ကိုညိမ်းကတော့ တစ်ယောက်ထဲ လွမ်းရတာ အားမရလို့  လာလည်သူတွေပါ လွမ်းအောင်လုပ်နေပြီ ။ ဒါနဲ့  ကဗျာက လွမ်းစရာလေးဗျ ။း)

ရိုးမြင့်အောင် said...

လွမ်းတယ်ကို လွမ်းလုင် ဖတ်ဖူးတယ်မှတ်နေတာ... ခင်ဗျားဆီမှာတုန်းက လွမ်းတေးနဲ့ တွဲဖတ်ဖူးတယ် ထင်ပါ့... လွမ်းတယ်ဗျာ... :P :D

အိုင်လွယ်ပန် said...

တကယ့်ကိုလွမ်းစရာပါပဲကိုညိမ်းရာ .......
တပုဒ်လုံးအရမ်းကောင်းဗျာ ....

သက်ထွန်းညိမ်း said...

တကယ်ပဲ အဲဒါတွေ ရှိတယ်ဆိုရင်တော့
တစ်နေ့တော့ရောက်အောင်လာခဲ့ဦးမယ်

ourstream said...

လွမ်းဒုက္ခတွေ ကင်းဝေးပါစေဗျာ

လုလင်ငယ်သွေး said...

ကဗျာလေးထဲက ဆိပ်ကမ်းလိုမျိုးမှာ မကပ်ဖူးပေမယ့် ကျွန်တော်လည်း ကပ်ပြီး လွမ်းချင်တယ်ဗျာ။ ခင်မင်လေးစားလျက်။

Eduking said...

ကျွန်တော့်လည်း အမေ့ဆိပ်ကမ်းဆီ မကပ်ဖြစ်တာကြာပေါ့ ကိုညိမ်းရေ..
ပြန်ချင်ဇောတွေ ပိုလောသွားပြီ..
လွမ်းတယ်ဗျာ.

emayarKhin said...

လွမ်းတယ်..လွမ်းတယ်...
ရေးထားသမျှထဲကမှာ...အစားအစာတွေ
ပိုလွမ်းတယ်....အမေ့ကိုလဲလွမ်းတယ်...
ငိုပြီးပြန်သွားတယ်....

Anonymous said...

လွမ်းတယ် ကဗျာလေးက တကယ်ပဲကဗျာဆရာရဲ့ မြို့အလှလေးကို ဖော်ကျူးနေပါလား သိပ်ကိုလှနေမှာပဲ တစ်ခါလောက်တော့ရောက်ဖူးချင်တယ် ။
ဒါနဲ့ဖွဲ့တည်ရာက ကဗျာလေး အရမ်းကောင်းတယ် အစ်ကိုး)

SoeMoe said...

ကဗျာလာဖတ်တယ်အစ်ကို
မေမေနဲ့ အမြန်ဆုံးဆုံတွေ့ နိုင်ပါစေ။

ကြယ်ပြာ said...

ကဗျာနဲ့ပန်းချီဆွဲထားပါလား ... ကောင်းလိုက်တာ ..