22 January 2009

ကိုယ်ရေးကိုယ်တာ

မောင်းခလုတ်ကို ညှစ်ခဲ့ဖူးပြီ
အလောင်းပုပ်လို ဖြစ်ခဲ့ဖူးပြီ။

မနေ့က၊ ဒီနေ့၊ မနက်ဖြန်
ထူးမခြားနားစက်ဝန်းထဲ
အရေခွံတွေလဲခဲ့
လေတံခွန်လိုဝဲခဲ့။

နီတိက
ယုံကြည်သလိုနေရဲဖို့
ယုံကြည်သလို သေရဲဖို့။

ငါ့အသက်ကို
ငါ့လက်နဲ့ ဖဲ့ထုတ်ခဲ့တယ်
ကြေကြေကွဲကွဲ...။

ညိမ်းညို

21 comments:

Unknown said...

ကဗျာလေးဖတ်ပြီးစိတ်ထဲ တမျိုးပဲ ..ကဗျာဆရာ..ကဗျာလေးကအရမ်းကောင်းတယ်လို့ 
ကိုယ်ရေးကိုယ်တာတွေနဲ့ အလုပ်ရှုပ်နေတယ်ပေါ့ .. :P

mgngal said...

နေရဲ သေရဲ ဖို့ လိုတာတော့ အမှန်ပဲ ဘရိုရေ ။ ရှင်သန်သေး သရွေ့ ကဗျာတွေ ရေးရင်းပေါ့ ။ :)

Anonymous said...

"ငါ့အသက်ကို
ငါ့လက်နဲ့ ဖဲ့ထုတ်ခဲ့တယ်
ကြေကြေကွဲကွဲ"

သိပ်ကြိုက်သွားပီ။

တင့်ထူးရွှေ said...

ငါ့အသက်ကို
ငါ့လက်နဲ့ ဖဲ့ထုတ်ခဲ့တယ်
ကြေကြေကွဲကွဲ..
ဒီစာသားလေးဖတ်လိုက်ရတာ ရင်ထဲမှာတမျိုးကြီးပဲ
အဆင်ပြေပါစေ ကိုညိမ်းရေ ။
အော် ...
ခင်ဗျားလို့မပြောတော့ဘူး
မင်းရဲ့
တင့်ထူး ။

အိုင်လွယ်ပန် said...

ကောင်းလိုက်တဲ့နိတိလေး...
နေရဲဖို့ သေရဲဖို့....
ငါ့အသက်ငါ့လက်နဲ့
ဖဲ့ထုတ်ခဲ့တယ်
ကြေကြေကွဲကွဲ.....
ကောင်းလွန်းတယ်ဆိုတာနဲ့မလုံလောက်ဘူး....
ကြိုက်တယ်ဘရိုရာ.....

Anonymous said...

နေရဲပြီ
သေရဲဖို့ကြိုးစားရအုံးမယ်း)
ကဗျာဆရာက အတွေ့ကြုံတွေတယ်စုံနေတာပဲ ဒါကြောင့် နေရဲသေရဲတာ မိုက်တယ် ။

Mhaw Sayar said...

ကဗျာလာဖတ်တယ် ညီရေ.

မိုက်တယ်. ဒီတစ်ပုဒ်လည်း. :)

Kaung Kin Ko said...

ကဗျာလာဖတ်သွားတယ်ညီရေ။ နက်နက်ရှိုင်းရှိုင်း ခံစားသွားတယ်ကွာ။ နောက်ဆုံးအပိုဒ်ကလေးကတော့...

SoeMoe said...

အရမ်းကောင်းတာပဲ..နောက်ဆုံးအပိုဒ်လေးက ကြေကြေကွဲကွဲ ပဲ ..အဆင်ပြေပါစေအစ်ကိုရေ

Thargyi(Gyobingauk) said...

မာန်ပါတဲ့ကဗျာတပုဒ်ကို ခံစားသွားပါတယ်..

ဖူးဖူး said...

တင်ပြထားတာ အရမ်းကောင်းတယ် ရှင်းရှင်းလေးနဲ့ နားလည်လွယ်တယ်နော်။

လင်းဒီပ said...

ယုံကြည်သလိုနေရဲ သေရဲဖို့ အရင်းအနှီးကြီးလွန်းတယ် ညီလေးရယ်

Layma said...

ငါ့အသက်ကို
ငါ့လက်နဲ့ ဖဲ့ထုတ်ခဲ့တယ်.. ဆိုတော့ သူများဖဲ့ထုတ်တာခံရတာနဲ့ စာရင် ဖြေသာတာလား.. ပို ကြေကွဲစရာကောင်းတာလား...။ ဘယ်လို ထင်လဲ..။

ချစ်သံစဉ် said...
This comment has been removed by the author.
ချစ်သံစဉ် said...
This comment has been removed by the author.
pandora said...

ငါ့အသက်ကို
ငါ့လက်နဲ့ ဖဲ့ထုတ်ခဲ့တယ် ...

ဆိုတော့ အသက်မကုန်သေးပါဘူး.. ဖဲ့ရုံပဲဆို ကျန်နေသေးတယ်.


တိုတိုလေးနဲ့ထိတဲ့ကဗျာပါ။

မင်းကျန်စစ်။ said...

ဟေ့လူ အသာလုပ်ပါဗျ ဖဲ့တော့ မထုတ်လိုက်ပါနဲ့ ဟတ်ဟတ်။ ဆြာညိန်းတို့ ကဗျာနတ္ခတ်နဲ့များ ယှဉ်ပီးမွေးလာသလားမသိဘူးဗျား)

Unknown said...

ထူးမခြားနားစက်ဝန်းတွေထဲမျှောပါနေကြတယ် ။
ကြေကွဲမှုတွေနဲ့ ကင်းလွတ်နိုင်ပါစေ ။

ourstream said...

ကိုညိမ်းညိုရေ ကဗျာကောင်းလေးတွေ ဖတ်ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်။ ခုမှပဲ ရောက်ဖြစ် တော့တယ်ဗျာ။

Apprenticeship said...

အင်း စိတ်ဓတ်လေးကြိုက်တယ်။ ဖဲ့ထုတ်ရဲ့ရမှာပေါ့။ :P

Unknown said...

နီတိက
ယုံကြည်သလိုနေရဲဖို့
ယုံကြည်သလို သေရဲဖို့။

လုံးးးးးးးးးးဝ ထောက်ခံတယ်...။