5 January 2009

ချစ်သူ

အကွာအခြား မသိ
အလွှာအတား မရှိ၊

အပေးအယူမသိ
ဖေးကူ၏၊

စွဲမြဲခိုင်ကျည်သော သစ္စာ
ဖြာဝေအေးမြသော ချစ်ခြင်း
ကျနော့်ရင်မြေတလင်း၌ ထာဝရလင်းစေခဲ့သူ။

ညိမ်းညို

23 comments:

Unknown said...

အမှတ်တရကဗျာလေးကို မှတ်မှတ်ရရ ဖတ်သွားတယ်နော် :)
ကဗျာဆရာ ပျော်ရွှင်ပါစေ....

Unknown said...

နယ်ရေ ကဗျာလေးအရမ်းနုတယ် ချစ်တတ်လိုက်တာလွန်ပါရော :D JK :)
ကောင်းသောနေ့ပါ နယ် :)

ဖြိုးငယ် said...

ဒါက အနုလေးပေါ့ ...
ကောင်းတယ်ဆရာ .. ချစ်သူဆိုတော့ အနုပဲ ပိုရေးလို့ကောင်းတာဗျ

တင့်ထူးရွှေ said...

ချစ်တတ်လှချည်လား ကိုယ့်ဆရာ :)

Anonymous said...

သူကတော့ ငရုတ်သီးကိုကောင်းမှန်းသိနေပါလားနော်း) အားကျချင်တယ် သို့သော်လည်းပဲ.............။

Apprenticeship said...

ထာဝရလင်းလက်ပါစေ....

Unknown said...

ပျော်သွားပီး..

ATN said...

ကဗျာကောင်းလေးပါ...
သိင်္ဂါရလေး...

ဆောင်းယွန်းလ said...

ညိမ်းညိုရဲ့ချစ်သူကတော့တော်တော်ကံကောင်းမယ်..
ကဗျာနဲ့တင်တော်တော်ချစ်တတ်တဲ့သူဘဲ..

thihanyein said...

ဟိုက်ရှားပါး ချစ်တတ်လိုက်တာဗျာ

မွန် said...

ချစ်ဖို့ကောင်းလိုက်တဲ့ ကဗျာလေး

အိုင်လွယ်ပန် said...

ဖွဲ့လှချည်လားကိုညိမ်းရ.....

လှတယ်ဗျို့ :P

mgngal said...

ရောဂါ အဲဒါရောဂါလို့ ခေါ်တယ်။ ဆေးမမီတော့
ဘူး။ ကောင်းရော ။ :P

SoeMoe said...

ချစ်တတ်လိုက်တာအစ်ကိုက ... :P

Kaung Kin Ko said...

အဲလိုချစ်သူလေးရတာ ကံကောင်းတာပေါ့။း-)

may said...

စွဲမြဲခိုင်ကျည်သော သစ္စာ
ဖြာဝေအေးမြသော ချစ်ခြင်း
ကျနော့်ရင်မြေတလင်း၌ ထာဝရလင်းစေခဲ့သူ။
တကယ်ကိုကောင်းတဲ့ အရေးသားလေး..
အမြဲလာဖတ်ဖြစ်ပါတယ်ကိုညိမ်းညို..

Mhaw Sayar said...

ဆရာ တင်မိုးရဲ့ "နှင်းဆီပန်းတွေ မွေ့ယာခင်း.." ဆိုတာနဲ့ စတဲ့ အချစ်အကြောင်း ရေးထားတဲ့ ကဗျာလေး ပြီးရင် အချစ်အကြောင်း ရေးထားတဲ့ ဒီကဗျာလေး ကိုယ်တိုင်က ချစ်စရာ အကောင်းဆုံးပဲ..

မီးမီးငယ် said...

ထာဝရလင်းနိုင်ပါစေရှင်

မီးမပျက်သရွေ့ ပေါ့
း)

လင်းဒီပ said...

ချစ်ကြပါ..ကြိုက်ကြပါ..:P:P:P

Unknown said...

အရမ်းကိုနူးညံ့တဲ့ အချစ်ကဗျာလေးဘဲ..

လုလင်ငယ်သွေး said...

ဒီလိုချစ်သူတစ်ယောက်ရခဲ့တာ အမှန်ဆိုရင်တော့ အားကျတယ်ဗျာ။ ကဗျာလေးကလည်း လှသလို ကိုညိုကောင်မလေးကလည်း လှမယ် ထင်တယ်။

Layma said...

ဒီကဗျာလေးကတော့ တော်တော်လေးကို အဆင်ပြေနေတဲ့ အချိန်မှာ ပွင့်လာတဲ့ ပန်းကလေးနဲ့  တူတယ်..။

Unknown said...

ချစ်သူ..ကဗျာလေးကရိုးရိုးလေးနဲ့ ဆန်းတယ်..
ချစ်သူနဲ့ ထာဝရရွှေလက်တွဲနိုင်ပါစေ..။