5 November 2008

အငိုမျက်လုံး အပြုံးမျက်နှာ

- နှုတ်ခမ်းမှာ သကာစု
သဲနုက ကြည်မွေ့တယ်၊
သည်သကာ သည်နှုတ်ခမ်း
ဆန်းကြယ်လှကွယ်။

- ပါးပြင်မှာ နံ့သာစု
သဲနုက သင်းထုံတယ်၊
သည်နံ့သာ သည်ပါးလေး
ချိုမွှေးလှကွယ်။

- မျက်ဝန်းမှာ ငွေ့ရည်စု
သဲနုက ရွာသွန်းတယ်၊
သည်ငွေ့ရည် သည်မျက်ဝန်း
သည်းလွန်းလှကွယ်။

- မစိမ်းနဲ့နော်
ကျွန်တော်က တိုးလျှိုး၊
မချစ်ကြင် မုန်းပင်ပျိုးပါနဲ့
တိုးလို့ရိုကျိုး။

ညိမ်းညို

8 comments:

Unknown said...

t&rf;cspfw,f
လိမ္မာလိုက်တာနော်ဘယ်သူ......လေးမသိဘူး.ဟီး

Unknown said...

အငိုမျက်လုံးအပြုံးမျက်နှာဆိုတာဘယ်လိုလေးလဲမသိဘူး
ပြောင်စပ်စပ်လေးလားးးမချိုမချဉ်လေးလား.... :P

ညိမ်းညို said...

မသိဘူးလား....
ဒီလိုလေးလေ :P
သိသိကြီးနဲ့ :)

thihanyein said...

အင်းဘိုညိမ်းရေ ဒီလိုမျိုးတွေလည်းရတာပဲဗျနော်
ဒီကဗျာလေးကိုဖတ်ရတာ ပျော်စရာလေးဗျာ
ဘိုညိမ်းလည်းပျော်စရာတွေနဲ့ပဲ ကြံဆုံပါစေဗျာ

Anonymous said...

အဟမ်းး အဟမ်းး ကဗျာလေးကောင်းတယ် :)

ဖြိုးငယ် said...

ငါ့ဆရာကို ဒီလို အပိုင်းတွေမှာလဲ လိုက်မမှီဘူးဗျ

SoeMoe said...

ူlabels.. ကအမှတ်တရဆိုတော့ကဗျာကတော့တစ်ယောက်သော်သူ
အတွက်လားအစ်ကို...ပျော်ရွှင်ပါစေ

Unknown said...

ကော့မန် နဲ့ အတူကဗျာလေးဖတ်ရတာကြည်နုးစရာလေး