13 October 2008

မာနခဲ (၁)

အရောင်ပြိုးပြိုးပြက်ပြက်ထွက်တိုင်း
မျက်စိမကျိန်းတတ်တော့
လူကြီးမင်းတို့ညွှန်းဆို ရတနာသိုက်
ခပ်မိုက်မိုက် ကျုပ်ငြင်းတယ်
ကဗျာတစ်ပုဒ်ကို ရင်ဘတ်နဲ့ထုတ်လုပ်နေရတာ
ကျုပ်အဖို့ အကြီးမားဆုံး စက်မှုလုပ်ငန်း
စက်သုံးဆီတွေပေကျံလွန်းလှချည့်
နေ့စဉ်နေ့တိုင်း တဗွမ်းဗွမ်းလောင်းတည့်နေခဲ့
ကျုပ်နှလုံးသွေး စက်သုံးဆီတို့
အရောင်တစ်မျိုးတည်းနဲ့
ရဲရင့်ရိုးသားခဲ့ပါတယ်လေ
တံဆိပ်မကပ်နဲ့၊ အဆိပ်မခတ်နဲ့
ရိုးပြတ်ရင်ဘတ် ထိုးသတ်ချင်သတ်
ကဗျာတွေကိုတော့
ကျုပ် အဖိုးဖြတ်မပေးနိုင်ဘူး။

ညိမ်းညို

6 comments:

mgngal said...

သုံးပုဒ်လုံးကြိုက်တယ် အစ်ကိုရေ။ စာသားတွေက အရောင်တောက်နေပါလား။ တစ်ယောက်ယောက်ကများ
ရင်ဘတ်ကို လာတူးဆွနေတာများလား................။
ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေပါစေဗျာ။

Unknown said...

ကဗျာလေးကကောင်းလိုက်တာကေ လည်းကဗျာတွေချစ်တတ်နေပီကဗျာဆရာ..: :)

Unknown said...

ညိမ်းညို
ကဗျာတွေကိုချစ်တတ်တာ
တန်းဘိုးထားတာကို
အရမ်းလေးစားတယ်..

တင့်ထူးရွှေ said...

မာနခဲရဲ့ ကဗျာတွေ အားလုံးကိုကြိုက်ပါတယ် ။

Layma said...

တကယ့် မာနခဲ ပါလားဟေ့...။

SoeMoe said...

မာနခဲကဗျာတွေအကုန်ကြိုက်တယ်