8 June 2008

ကဗျာရိုး

သစ်ပင်ထီးတော့ လေညှဉ်းတယ်
ကဗျာဆရာထီးတော့ ဘယ်သူညှဉ်းမယ်၊

ငါ့ရင်ဘတ်ကအရောင်ကို
ငါခြယ်ဖို့ ကြိုးစားတာက
ကဗျာနဲ့ပတ်သက်လာရင် အစုံစားသတ္တ၀ါ၊

ငါ့ဝေဒနာကို
ငါ့ကလောင်တံနဲ့ ထုဆစ်တာက
ဖိနှိပ်ပေါ့တန် ခံဘက်လေးနက်၊

ဒီနေ့ထိတော့
ငါ့ကဗျာလေးတွေက
သဒ္ဒါကိုးခေါက် စာပြိုးပြောက်ရယ်။

ညိမ်းညို

12 comments:

Unknown said...

ကဗျာဆရာထီးတော့ဘယ်သူ မှမညှဉ်းပါဘူးနော်..ကဗျာဆရာကြီးစာမေးပွဲလဲအိုကေပါစေ..
:P

Anonymous said...

ကဗျာနဲ့ပတ်သက်လာရင် အစုံစားသတ္တ၀ါ၊
ငါ့ဝေဒနာကို
ငါ့ကလောင်တံနဲ့ ထုဆစ်တာက
ဖိနှိပ်ပေါ့တန် ခံဘက်လေးနက်၊
တစ်ခါတည်း အလုံးကြီးနဲ့ သာ တီးပစ်လိုက်ဗျ ခံဘက်ဖြစ်ရတာ တစ်ခါခါ မတန်ဘူးးး)

အညာသား said...

ကဗျာဆရာထီးတော့ ဘယ်သူညှဉ်းလို့တုန်းဗျ။ အညာသားမဟုတ်တာတော့ သေချာသပါ့။ :P

Unknown said...

အစုံစားသတ္တ၀ါ ကြီးရေ.... ဖတ်လို့ကောင်းသဗျ။

မျှားပြာ said...

;)

SoeMoe said...

ငါ့ရင်ဘတ်ကအရောင်ကို
ငါခြယ်ဖို့ ကြိုးစားတာက
ကဗျာနဲ့ပတ်သက်လာရင် အစုံစားသတ္တ၀ါ၊..အဲဒီနေရာလေးကြိုက်တယ်..အဆင်ပြေပါစေအစ်ကိုရေ..

ein said...

ကိုးခေါက်သဒ္ဒါတဲ့လားညိမ်းညိုရေ...း)

တင့်ထူးရွှေ said...

အစုံစားသတ္တ၀ါ အဲဒီနေရာ ရောက်သွားတယ် ။ ။
စာမေးပွဲတွေလဲ အဆင်ပြေပါစေ ညိမ်းညိုကြီးရေ :)

Layma said...

အစုံစား သတ္တ၀ါ...
ကဗျာဆရာ...
သဒ္ဒါကိုးခေါက် ဆိုတာဘာလဲ...။
တီးလုံးဆန်းတွေ သိပ်လုပ်တာပဲ ... မာယာများတဲ့ ကဗျာဆရာလို့ပဲ ခေါ်တော့မယ်...။

နှင်းပွင့်ဖြူ said...

ကဗျာလေးက မိုက်တယ် ကိုညိမ်းညို

ကိုရင်ညိန်း said...

ကိုညိမ်းရေ အဆင်ပြေပါ့ဗျာ ။ အသံကိုပိုအားရတယ်ဗျ ။ နောက်တစ်ပုဒ်လောက် ..

Unknown said...

စာပြိုးပြောက်ကဗျာလေးတွေကရင်ထဲကိုထိတယ်ကဗျာဆရာရေ့ ... :P