27 April 2008

ကျွန်တော့်ခေါင်းကို လာလာမကိုင်နဲ့

ခင်ဗျားက လူကြီးလူကောင်းပါ
ယဉ်ကျေးတယ် ပျူငှာတယ်
ချိုချိုသာသာပြောတတ်တယ်
အချိန်ပြည့်ပြုံးနေတယ်
လူတကာက ခင်ဗျားကိုနှစ်မြို့တယ်
ကျွန်တော်လဲ သဘောကျပါတယ်
ဒါပေမဲ့ ….
ကျွန်တော့်ခေါင်းကို လာလာမကိုင်နဲ့ ။

ညိမ်းညို

11 comments:

Unknown said...

မကိုင်ပါဘူး ကို..ညိမ်းညို ရယ်

:) :)

Anonymous said...

မကိုင်ဘူးဗျာ.. တတ်နင်းသွားတယ်... ဟီးဟီး.. အဆင်ပြေပါစေဗျာ..

မျှားပြာ said...

မလုပ်ပါနဲ့ .... အေးဆေးပေါ့ ..။

SoeMoe said...

အချိန်ပြည့်ပြုံးနေတတ်တဲ့အဲ့ဒီလူကြီးလူကောင်းတွေဆိုသတိထားးးးး....

Tea said...

ကိုင်ချင်လာပြီ။ မကိုင်နဲ့ဆိုလိုက ဟီးဟီး

Anonymous said...

ဟုတ်ကဲ့ ....ဟုတ်ကဲ့ သား စကားနားထောင်ပါ့မယ်ဗျာ မကိုင်ဆို မကိုင်ပါဘူး တကယ် တကယ် :P

ein said...

ဟုတ်ကဲ့ပါရှင့် စကားနားထောင်ပီး ကဗျာလေးကို ဒီတိုင်းလေးပဲ ဖတ်သွားပါကြောင်း
:P

Layma said...

ခေါင်းကိုမကိုင်ပါဘူး..။ နားရွက်ဆွဲလိမ်သွားတယ်..။

မင်းကျန်စစ်။ said...

ငါကတော့ ကဗျာအနက်ကို ကြိုက်တယ်ကွာ။ ဒီလိုပဲ ဖြစ်နေရမှာ သူငယ်ချင်းရေ။

Nyo Htet Nyo said...

ဒီကဗျာကတွေးစရာတွေပေးတယ်ဗျို့ ….

lwansay said...

ဟုတ်ပါပီဗျာ ခေါင်းတော့ကိုင်မသွားပါဘူး။ :D