26 April 2008

ကြယ်မှုန်ကြယ်မွှား

မထူးဆန်းပေဘူးလား
ကိုယ်မစားဘဲ ရှင်းရှင်းပေးရတဲ့ပွဲတွေက
တစ်နေ့တစ်ခြား များများလာ၊

နာမည်ဆိုးလက်မှတ်အတွက်
မဖူးဘဲ ပွင့်ခဲ့ရသလောက်
နာမည်ကောင်းလက်မှတ်မှာ
မပွင့်လိုက်ရပါဘဲနဲ့ ကြွေတယ်၊

သူတော်ကောင်းကိုနတ်ကောင်းမသတဲ့
သူယုတ်မာကိုကော ဘယ်နတ်ယုတ်က မ,ထားပါသလဲ
သူကတော့ ကျွန်တော့်အရိုးတွန်သံမှာ
ဓါးတစ်လက်ကို ဟန်ပါပါချိတ်လို့
ဒီလိုကြီးလွဲနေရတာကိုပဲ အပျော်ကြီးပျော်နေပုံ။

ညိမ်းညို

6 comments:

Unknown said...

ကြယ်မှုန်ကြယ်မွှားလေးတွေကလမင်းနဲ့ အပြိုင်တောက်ပနေတဲ့အခါမျိုးတွေကြရင်ကောင်းကင်ကြီးကအလှဆုံးအချိန်ဘဲလေ..ကဗျာလေးကကောင်းတယ်..ကို..ညိမ်းညိုရေ
...... :)

SoeMoe said...

ကောင်းကင်ပေါ်မှာကြယ်မှုန်ကြယ်မွှားလေးတွေအများကြီးရှိတဲ့အချိန်ဆိုအရမ်းလှတယ်..မြင်ဘူးလားး အကို..ကြယ်မှုန်ကြယ်မွှားတွေကလည်းသူ့ တို့ မှာကိုယ်ပိုင်အလင်းရောင်ကိုယ်စီနဲ့ ဘယ်လေ...

NatShinNaung said...

ဟေ့လူဟေ့လူ။ ဓါးချိတ်ထားတာ ကျွန်တော် မဟုတ်ဘူးနော်။ :D

Layma said...

အော်... သူတို့စားတာကို.. ညိမ်းညို ရှင်းပေးနေရတယ်ပေါ့...။ ဆိုးပါ့...။
နာမည်ကောင်း လက်မှတ်က အရေးပေါ် အခြေအနေကျတော့ စာရွက်စုတ် တစ်ခုလောက်တောင် အသုံးမ၀င်ပါဘူး...။ မလိုချင်စမ်းပါနဲ့..။ တံဆိပ်တွေ ရင်ဘတ်လေးရုံပဲ အသုံးဝင်တာပါ..။
ဒီကဗျာလေး အသက်ပါလိုက်တာ..။ လိုသလို တွေးသွားလိုက်ပါတယ် လူမမယ် စက်ရုပ်လေးရေ..၊

mo3s3t said...

သိပ်ကောင်းတယ် ညီ

Kaung Kin Ko said...

မထူးဆန်းပေဘူးလား
ကိုယ်မစားဘဲ ရှင်းရှင်းပေးရတဲ့ပွဲတွေက
တစ်နေ့တစ်ခြား များများလာ၊

နာမည်ဆိုးလက်မှတ်အတွက်
မဖူးဘဲ ပွင့်ခဲ့ရသလောက်
နာမည်ကောင်းလက်မှတ်မှာ
မပွင့်လိုက်ရပါဘဲနဲ့ ကြွေတယ်၊

စာသားတွေ ပြောင်မြောက်လှချည်လား