2 March 2008

Weep No More

Weep no moe, nor sigh, nor groan,
Sorrow calls to time that's gone:
Violets pluck'd the sweetest rain
Makes not fresh nor grow again.
Trim thy locks, look cheerfully;
Fate's hid ends eyes cannot see,
Joys as winged dreams fly fast,
Why should sadness longer last ?
Grief is but a wound to woe,
Gentlest fair, mourn, mourn no more.

John Fletcher
1579 - 1625

ငိုမနေပါနဲ့တော့ကွယ်

မငိုနဲ့တော့နော်..
သက်ပြင်းတွေမချပါနဲ့ မညည်းညူပါနဲ့ကွယ်
ဝမ်းနည်းပူဆွေးနေလို့ ကုန်သွားတဲ့အချိန်တွေကို ပြန်ရမှာတဲ့လား..
ခရမ်းရောင်ပန်းတွေကြွေသွားပြီဆိုမှတော့ကွယ်
ချိုမြတဲ့ မိုးရေစက်တွေက
နောက်တစ်ဖန် ရှင်သန်နုပျိုလာအောင်
ဘယ်လိုများစွမ်းဆောင်နိုင်ဦးမှာတဲ့လဲ
မင်းဆံနွယ်တွေကို ကိုက်ညှပ်ဖြီးသင်လို့
ပျော်ပျော်ရွှင်ရွှင်သာနေပါ အချစ်ရယ်
ကံကြမ္မာဆိုတာက
မျက်စိနဲ့မမြင်ရတာကိုမှ ဖုံးကွယ်ထားတတ်တာမျိုးလေ
ပျော်ရွှင်ကြည်နူးစရာဆိုတာ
ထွက်ပြေးပျံသန်းသွားတတ်တဲ့ အိပ်မက်တွေလား...
ဝမ်းနည်းကြေကွဲမှုဆိုတာကရော
ထာဝရတည်နေနိုင်ပါသလားကွယ်
ပူဆွေးခံစားရမှုဆိုတာ ရင်တွင်းနာဝေဒနာအဖြစ်တွေမို့
အချစ်ရယ်..အချစ်လေးရယ်..
ငိုမနေပါနဲ့တော့ကွယ်။

ညိမ်းညို

- ကျွန်တော် အင်္ဂလိပ်စာအားနည်းပါတယ်။ ဒီကဗျာကိုဖတ်ရတော့ မြန်မာလိုလေးပြန်ရေးကြည့်ရရင် ကောင်းမှာပဲဆိုပြီး ဘာသာပြန်လိုက်မိတာပါ။ အမှားအယွင်း အကျအပေါက်များရှိရင် ထောက်ပြပြင်ဆင် ပေးနိုင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

3 comments:

Layma said...

dictionary ယူပြီးပြန်လာခဲ့မယ်နော်...။

lwansay said...

ဘာသာပြန်စာရေးဆရာကြီး မောင်ညိုမ်းညို လုပ်တော့
မလို့လားဗျ။ :P

SoeMoe said...

ဘာသာပြန်လိုက်တော့...ကဗျာလေးက nice ...ပျော်ရွှင်ချမ်းမြေ့ ပါစေအကိုညိမ်းညို... :)