1 January 2008

ညီအကိုတွေရဲ့ ဒီဇင်ဘာ (၃၁)

ဒီနေ့ ...
တို့ညီအကိုတတွေ ပျော်ဖို့ကောင်းလိုက်တာ
လောကကြီးတစ်ခုလုံး လှပလို့..
လျှပ်ပန်းလျှပ်နွယ်တွေ

ရွှီး..ဖောက် ဆိုတဲ့ အသံတွေ
တစ်လက်လက် အလင်းဝတ်မှုံတွေနဲ့အတူ
ငါတို့တွေ ကြိုဆိုနေမိရဲ့
ရင်ဆိုင်တွေ့ရမဲ့ အနာဂတ်ကို
လက်ဖျောက်တီးကြိုဆိုနေကြတာ ကြည်နူးစရာအတိပါပဲ
ငါတို့ ရှူသွင်းလိုက်တဲ့ အငွေ့အသက်တိုင်း
ငါတို့ ပြောနေတဲ့ အကြောင်းအရာတိုင်း
ငါတို့ကြားနေတဲ့ ဘာသာဗေဒတိုင်း
အနာဂတ်တွေ အပြည့်နဲ့
ဒီဇင်ဘာ ၃၁ ကို ထွန်းညှိလိုက်ပြီ
မျှော်လင့်ချက်တွေ လင်းလက်နေတဲ့ မနက်ဖြန်ကို
ဘာတွေနဲ့ ခြစ်ထုတ်ကြမလဲ
ရင်ခုန်သံတိုင်းကို စာလုံးထွင်းပစ်လိုက်
ပျော်ရွှင်ဖွယ် နေ့သစ်တွေ ရောက်လာလိမ့်မယ်
နွမ်းညစ်တဲ့အတွေးနုပ်တွေကို
ငါတို့ နှုတ်ဆက်ထားခဲ့ပြီပဲ
ဒုက္ခတွေနဲ့ ထွေးလုံးသတ်ပုတ်နေတဲ့ ဘ၀ချိုချိုမှာ
ကောင်းကင်ရဲ့ အလင်းသစ်တွေနဲ့
ခွန်းဆိုလက်ဆွဲနှုတ်ဆက်ရင်း ကြိုဆိုနေမိပြီ ၂၀၀၈ ရေ....
အငြိုးအာဃာတတွေ အတ္တအမုန်းတွေကို
စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့
နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့
ဆေးကြောလိုက်ကြမယ်
တို့တစ်တွေ အနာဂတ်ကို ပျော်ရွှင်စွာ
မျှော်လင့်ကြပါစို့...

တင့်ထူးရွှေ + ဖြိုးငယ် + ညိမ်းညို+ လွမ်းစေ
မျှားပြာ + ရွှေရောင်ကောင်းကင်( ဧည့် တာဝန်ခံ )



- အကြောင်းတစ်စုံတစ်ရာကြောင့် သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင်အိမ်လေးတွေမှာ နှစ်သစ်ဆုမွန်တောင်းပေးတာ နောက်ကျသွားတယ်ဗျာ။ ညီအကိုမောင်နှမများ၊ သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။ စာတွေ ကဗျာတွေ မှတ်သားစရာတွေကိုလည်း ဒီထက်ဒီထက် ပိုလို့တိုးလို့ ရေးနိုင်ကြပါစေဗျာ :)

5 comments:

Unknown said...

cheer.....၂၀၀၈..မှာသူငယ်ချင်းအားလုံးပျော်ရွင်ချမ်းမြေ့ ပါစေ

ညိမ်းညို said...

ကေလည်း သူငယ်ချင်းတေါနဲ့အတူ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ :)

Anonymous said...

ကဗျာကလန်းတယ် မူးမူးနဲ့ ရေးထားကြတာဖြစ်မယ်ဗျ...နှစ်သစ်မှာ မင်္ဂလာဆောင်နိုင်ပါစေဗျာ..

tuzzaung said...

မျှားပြာဆီမှာသူ့လက်သုံးစကား အတိုင်းဆုတောင်းပေးပြီးသားပါ။ ဒီမှာလည်းထပ်ဆုတောင်းပေးလိုက်ပါတယ်။ ညီအစ်ကိုတစ်တွေအားလုံးပဲ ငြိမ်းချမ်း၊အောင်မြင်၊ပျော်ရွှင်၊အဆင်ပြေကြပါစေ...။

Layma said...

အဲဒီညီအကိုတွေ အားလုံးက တနေရာတည်းမှာ တူတူ နှစ်သစိကို ကြိုကြတာလားဟင်...။ မနာလိုစရာကြီး..။