26 October 2007

တစ်ချိန်ကြလို့ ငါ့မှာသားသမီးလေးတွေ ရှိလာခဲ့ရင်..

တစ်ချိန်ကြလို့ ငါ့မှာသားသမီးလေးတွေ ရှိလာခဲ့ရင် သူတို့ အရမ်းပျော်ရွှင်စေရမယ်။ စိတ်ချမ်းသာစေရမယ်။ ငါ တို့ အဖေနဲ့အမေဟာ တစ်ခါမှ ရန်မဖြစ်ဖူးဘူးလို့ သူတို့ ဂုဏ်ယူနိုင်စေရမယ်။

သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်လို အခါကြီးရက်ကြီးတွေ၊ ပွဲတော်တွေမှာ သူတို့ အပြည့်အ၀ကို ပျော်ရွှင်စေရမယ်။ လူငယ်ပီပီ ဘာအပူအပင်မှမရှိဘဲ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ ကင်းကင်းနဲ့ ပျော်ရွှင်စေရမယ်။ စိတ်ဆင်းရဲနေတာ၊ တွေဝေငေးငိုင်နေတာ လုံးဝ မဖြစ်စေရဘူး။

သူတို့ဟာ မိဘနှစ်ပါးစလုံးရဲ့ မေတ္တာကို အပြည့်အ၀ရရှိကြလို့ အချိန်တိုင်း ပျော်ရွှင်တက်ကြွ လန်းဆန်းနေစေရမယ်။

စာသင်ခန်းထဲမှာ၊ လမ်းမပေါ်မှာ၊ ပွဲဈေးတန်းထဲမှာ၊ ရုပ်ရှင်ရုံထဲမှာ၊ အစားအသောက်ဆိုင်တွေမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတို့ သိမ်ငယ်နေတာမျိုး၊ အားငယ်နေတာမျိုး၊ ၀မ်းနည်းနေတာမျိုး မဖြစ်စေချင်ဘူး။ မဖြစ်စေရဘူး။

တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုတဲ့ဘ၀၊ တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုတဲ့အရသာကို သူတို့ အပြည့်အ၀ ခံစားစေရမယ်။

ရိုက်နှက်ဆုံးမနေရတဲ့ ဖခင်မျိုး မဖြစ်ချင်ဘူး။

ငါ့ရဲ့ စိတ်ဆင်းရဲမှုတွေ၊ ပူပင်သောကတွေကို သားသမီးတွေအပေါ် လုံးဝမကူးစက်စေချင်ဘူး။

သားသမီးတွေက ငါ့ကို စကားလာပြောကြရင်လည်း အသေအချာနားစိုက်လို့ နားထောင်ပေးချင်တယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ တွေးကြံဖန်တီးမှုတွေကို ဖခင်တစ်ယောက်ရဲ့ မေတ္တာတရား၊ အတွေ့အကြုံ၊ စာနာနားလည်မှုတွေနဲ့ ဖြည့်စွက်အားပေးချင်တယ်။

သားသမီးတွေနဲ့ တသီးတခြားကင်းလွတ်နေရတဲ့ ဖခင်တစ်ယောက်ရဲ့ ဘ၀မျိုးကို ဘယ်တော့မှ မရောက်ချင်ပါဘူး။

အေးအတူ ပူအမျှ ပေါင်းစည်းလို့၊ ဒိုးတူဘောင်ဖက် လုပ်ကိုင်လို့၊ အတူတကွ မျှဝေခံစားလို့ နေပျော်တဲ့ဘ၀လေးတွေကို ကိုယ်စီတည်ဆောက်နိုင်ကြဖို့ ကျွန်တော် မျှော်လင့်စိတ်ကူးနေမိတယ်ဗျာ။

တစ်ချိန်ကြလို့ ကျွန်တော့်မှာ သားသမီးလေးတွေ ရှိလာခဲ့ရင်ပေါ့ ..

ညိမ်းညို

6 comments:

Chaos said...

တကယ်လို့သာ သားသမီးတွေရှိခဲ့ရင်
အဖေ ကောင်းတစ်ယောက်ဖြစ်ပါမှာ

Unknown said...

nyein nyo
Ma Ma nae mglay yae sate kuu lay ka a yan tu nyi tal..mglay write tar twe ka Ma Ma sate ko write htar ta loe pal..Ma Ma khan sar chat twe ko write htar ta loe phit nay tal ..sat kyoe sar naw..nyein nyo ko a myal arr pay nay tal .. nyein nyo e-mail ko lo chin tal.pya naing mal so yin MaMa ko mail pyan send pay par naw..

Unknown said...

myintmyatthu01@gmail.com
nyein nyo mail ko loe chin par tal..

Layma said...

သားသမီးတွေမှာ မိဘကိုရွေးချယ်ပိုင်ခွင့် ရှိလာတဲ့အခါ...ဒီလျှောက်လွှာကို တင်လိုက်ပါ...။ သီတင်းကျွတ်ပြီဆိုတော့ ဒီလို..ဒီလို ကြော်ငြာဝင်နေတာပေါ့လေ..။ အေးပါ..နီးစပိရာတွေ လက်တို့လိုက်ပါ့မယ်...။ စတာပါ...။
ဒီခံယူချက်လေးရှိတာ ကောင်းပါတယ်...။

မျှားပြာ said...

တထပ်တည်းပဲ ......

တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုတဲ့ဘ၀၊ တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုတဲ့အရသာကို သူတို့ အပြည့်အ၀ ခံစားစေရမယ်။

ဘယ်တော့မှ ဒီထဲမရောက်စေရဘူးးးးး
အဲဒါ ငါပြောတာ .....

နေလင်း said...

ဒြါလေးကို ဖတ်ရတာ ကြည်နူးစရာပါပဲ..