9 September 2007

အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၁)

* ရိုးရိုးဖြောင့်ဖြောင့်နေပါ။
လွတ်လွတ်လပ်လပ် ပြုမူပြောဆိုပါ။
ပေါ့ပေါ့ပါးပါး ရင်ဆိုင်ဖြေရှင်းပါ။
ကိုယ်ကျင့်တရားနှင့်ဆိုင်လျှင် အမြဲတမ်း မှတ်ကျောက်အတင်ခံနိုင်ရမယ်။

* ပေပေတေတေ တာဝန်ကျေ။
ကိုယ်ကျင့်တရားကောင်းစေ၊ အစဉ်ရိုးဖြောင့်၊ မကောက်ကျစ်နဲ့။

* လုပ်သင့်တာလုပ်၊ ဖြစ်သင့်တာဖြစ်လာလိမ့်မယ်။ ဘာမှမပူနဲ့။
အနုပညာဆန်ဆန်နေ။ ဒါပေမဲ့ အမှန်တရားနဲ့ မကင်းလွတ်စေနဲ့။
ကိုယ်ဖြစ်ကိုယ်ခံ၊ မဆိုင်တဲ့လူ ဆွဲမထည့်နဲ့။

* အဖော်မလိုဘူး၊ ငါတစ်ယောက်တည်း။
ကိုယ့်စိတ်ကို ကိုယ်နိုင်ရင် နေရာတိုင်းမှာ အောင်ပွဲရှိတယ်။
အဆုံးထိမလုပ်နိုင်ရင် မစနဲ့။
ပြောသလိုလုပ်၊ လုပ်သလိုပြော။ အဲဒါ အကောင်းဆုံးပဲ။

* လောကမှာ ရှက်ဖို့ ကြောက်ဖို့ (၂) မျိုးပဲ ရှိတယ်။
မတရားမလုပ်မိဖို့နဲ့ မတရားတာ အလုပ်ခံမနေရဖို့ပဲ။

- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာဖြစ်ပါတယ်။
ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။

ညိမ်းညို

1 comments:

ရွက်ဝါ said...

ကြောက်ရွံ့ခြင်းမှ
မကင်းလွတ်သေးလို့လား
အရှက်ကိုမရှိလို့လား
မတရားမှန်းသိသိကြီးနဲ့
ခေါင်းငုံ့ပြီးနေရတဲ့ အဖြစ်တွေ
တာမရှည်ချင်တော့ဘူး။