16 September 2007

အိမ်

ညမှာ..
ဘာမှမရှိတဲ့ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။

အဲဒီလို ဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း..
အလွမ်းတွေ ထိန်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။

မိုးခင်ခင်(မဟာဝိဇ္ဇာ)

2 comments:

Conello said...

I like this poem and thanks for describing on ur blog. အလွမ်းတွေ ထိန်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။
I love these verses. It makes me miss home.

johnmoeeain said...

ကြယ်လေးက ခပ်ဝေးဝေး
အိမ်ကလေးကလေည်း ခပ်ဝေးဝေး
အတွေးမှာ နီးနီးနေဆဲက
ကြိုးမဲ့တဲ့ ချည်တိုင်တစ်ခုနဲ့
နှောင်တွယ်မိတဲ့ အိမ်ကလေးဆီ...။